သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU က တူရကီကို ခြိမ်းခြောက်ရင် ဒုက္ခသည်တွေ EU ထဲဝင်နိုင်ဖို့ လမ်းဖွင့်ပေးမယ်လို့သတိပေး


 တူရကီသမ္မတ Recep Tayyip Erdogan ။
တူရကီသမ္မတ Recep Tayyip Erdogan ။

ဥရောပသမဂ္ဂကသာ တူရကီနိုင်ငံကို ဆက်ပြီး ခြိမ်းခြောက်နေမယ်ဆိုရင် သူ့အနေနဲ့ တူရကီနယ်စပ်တံခါးတွေကို ဖွင့်ပေးလိုက်ပြီး ထောင်သောင်းချီ တဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ EU နိုင်ငံတွေထဲကို တရှိန်ထိုးဝင်လာအောင် လုပ်လိုက်မယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan က EU ကို သတိပေးလိုက်ပါတယ်။

ဇူလိုင်လက မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှုနောက်မှာ အစိုးရက အင်အားအလွန်အကျွံသုံးပြီး နှိပ်ကွပ်တဲ့အတွက် တူရကီကို EU အဖွဲ့ဝင်အဖြစ်ဝင်ဖို့ညှိနှိုင်းတာတွေကို ဆိုင်းငံ့ထားဖို့ ဥရောပ လွှတ်တော်က တောင်းဆိုလိုက်တဲ့အပေါ်မှာ မဖြစ်မနေလိုက်နာရမှာ မဟုတ်တဲ့ ဆုံးဖြတ်ချက်ကို အတည်ပြု ပြီးနောက်တစ်နေ့မှာပဲ Erdogan က သူ့ရဲ့ သောကြာနေ့မိန့်ခွန်းမှာ ဒေါသနဲ့ တုံ့ပြန်လိုက်တာပါ။

တူရကီက ရွှေ့ပြောင်းဒုက္ခသည် ၃သန်းခွဲထက်မနည်း လက်ခံထားတာကို EU အနေနဲ့ကတိပေးခဲ့ပြီးတာကို ဖျက်တယ်။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် နယ်စပ်တံခါးတွေ ဖွင့်ပစ်လိုက်မယ်လို့ Erdogan က EU ကို ပြောလိုက်ပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေကို တူရကီထဲ ပြန်ပို့ဖို့လက်ခံရင် EU က တူရကီအဖွဲ့ဝင်ဖြစ်ရေးကို ပိုမြန်မြန်ဆန်ဆန် ဆွေးနွေးမယ် ဆိုတာနဲ့ရွှေ့ပြောင်းဒုက္ခသည်တွေအတွက်လည်း အထောက်အကူတွေ ပေးမယ် ဆိုပြီး EU က တူရကီနဲ့ဒီနှစ်အစောပိုင်းတုန်းက သဘောတူထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG