သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တွေ့ဆုံမေးမြန်းခန်း

(၉) လအတွင်း လူကယ်ပြန်ဝန်ကြီးဌာန ဆောင်ရွက်ချက်များ


(၉) လအတွင်း လူကယ်ပြန်ဝန်ကြီးဌာန ဆောင်ရွက်ချက်များ
please wait
Embed

No media source currently available

0:00 0:14:16 0:00
တိုက်ရိုက် လင့်ခ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာပြီး တနှစ်နီးပါးအကြာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုအတွက် ဆောင်ရွက်ချက်တွေအပေါ် အားရကျေနပ်တာတွေရှိသလို၊ စိန်ခေါ်မှုတွေနဲ့ အတူ အားနည်းချက်တွေလည်းရှိပါတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားရာဒေသ အကူအညီပေးမှုတွေ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေကို စောင့်ရှောက်တဲ့အစီအစဉ်အပြင်၊ သက်ငယ်မုဒိန်းနဲ့ လူကုန်ကူးခံခဲ့ရသူ ကလေးသူငယ်တွေကို စောင့်ရှောက်တဲ့အစီအစဉ်တွေကိုလည်း အကောင်အထည်ဖေါ်နေတဲ့အကြောင်း ဒေါက်တာဝင်းမြတ်အေးကရှင်းပြပါတယ်။ အယ်ဒီတာဒေါ်ခင်စိုးဝင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို နေပြည်တော်မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

XS
SM
MD
LG