သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်းသင်္ကြန် မြန်မာ့ရိုးရာမပျက် ဆင်နွှဲမည်


မန္တလေးမြို့။
မန္တလေးမြို့။

မြန်မာပြည်ရဲ့ အထင်ကရ မန္တလေးသင်္ကြန်ကို အခုနှစ်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုလည်း ဖော်ပြ ရာရောက်အောင်၊ ခေတ်နဲ့အညီ လူငယ်တွေလည်း ပျော်ရွှင်နိုင်အောင် အသွင်သစ်နဲ့ ကျင်းပသွားမယ် လို့ မန္တလေး စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်တဦးက ပြောပါတယ်။ မန္တလေး သင်္ကြန်ကို ပုံစံ အသစ်နဲ့ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ရန်ကုန်တိုင်း အစိုးရကတော့ ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်ဆောက် လုပ်ခွင့်တွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားတဲ့အပေါ် ရန်ကုန်မြို့ခံ လူငယ်တွေက ပြင်ပြင်းထန်ထန် ဝေဖန်နေကြတာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ ကာလတလျှောက်လုံး မန္တလေး သင်္ကြန်မှာ ရေပက်ခံကားတွေ ပိတ်ဆို့ပြီး သွားလာရ ခက်ခဲတဲ့ ကျုံးတောင်ဘက်အခြမ်းမှာ လမ်းလျှောက်သင်္ကြန် ပြုလုပ်သွားမှာဖြစ်ပြီး မန္တလေး မနော်ရမ္မံ ကွင်းမှာလည်း လူငယ်တွေအကြိုက် အခမဲ့တီးဝိုင်းနဲ့ လူငယ်သင်္ကြန် ကျင်းပပေးသွားမယ်လို့ မန္တလေး စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်ရင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့ ၂၆ အာဇာနည်လမ်းကို လမ်းလျှောက်သင်္ကြန်အဖြစ်နဲ့ စီစဉ်ထားတယ်ဗျ။ ယာဉ်မဝင်ဘူး။ အကုန်လုံး လမ်းပဲ လျှောက်ပြီးတော့မှရေကစားမယ်။ နောက် ရေကစားမဏ္ဍပ်တွေကလည်း ကျုံးရဲ့အလှကို မဖုံးကွယ်အောင် သေးသေးပဲ ဖြစ်မယ်။ နေက် စတုဒိသာမဏ္ဍပ်တွေလည်း ၂၆ လမ်းတလျောက်မှာ အများကြီးရှိမယ်ဗျ။ လူငယ်သင်္ကြန်လုပ်ရတဲ့ ရည်ရွယ်ချက်တခုကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေချည်းပဲ ကျျနော်တို့က ပြောနေပြီးတော့ လူငယ်တွေက သူတို့ခေတ်အလိုက် ခေတ်သီချင်းတွေ ခေတ်ဂီတတွေနဲ့ ခွင့်မပြုတော့ဘူးလားဆိုတဲ့ ခံစားမှုမျိုးလည်း မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့လို့ မနော်ရမ္မံမှာလည်း လူငယ်များအတွက် လူငယ်ကြိုက်မယ့် ခေတ်ဂီတတွေနဲ့ သင်္ကြန်တခုကို စီစဉ်ဖန်တီးပေးတာပါ။"

မန္တလေးကျုံး အရှေ့၊ အနောက်နဲ့ မြောက်ဘက်တွေမှာတော့ အရင်နှစ်တွေလို သင်္ကြန်မဏ္ဍပ်တွေရှိမှာဖြစ်ပြီး ပုံ­­­မှန်အတိုင်း ရေပက်ခံ ကားတွေ လှည့်လည် သွားလာနိုင်မှာဖြစ်ပါတယ်။ သင်္ကြန်မဏ္ဍပ်တွေဟာ မန္တလေး ကျုံးမြို့ရိုးရဲ့ အလှကို မကွယ်အောင် တည်ဆောက်ဖို့တော့ မန္တလေး စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားတာပါ။

အခုနှစ် မန္တလေး သင်္ကြန်အတွက် လုံခြုံရေး အင်အား ၃၀၀၀လောက် ချထားဖို့ရှိပြီး လမ်းလေ ျှာက် သင်္ကြန်ပွဲ လုပ်မယ့် ကျုံးတောင်ဘက် အခြမ်းမှာ CCTV ကင်မရာတွေ ခပ်စိပ်စိပ် တပ်ဆင်ထားမှာဖြစ်သလို အခြားနေရာတွေမှာလည်း လိုအပ်သလို လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားမှာဖြစ်ပါတယ်။

မဏ္ဍပ်တွေကို မြို့ထဲမှာရော၊ ကန်တော်ကြီး တဝိုက်မှာပါ ခွင့်ပြုထားပြီး မန္တလေး မြို့အနှံ့ မှာ စည်ကားတဲ့သင်္ကြန်ဖြစ်အောင် စီစဉ်ထားတဲ့အတွက် ဝေဖန် တာတွေလဲ ရှိကောင်းရှိနိုင်တယ်လို့ ဦးကျော်ရင်မြင့်က ဆိုပါတယ်။

"စည်ကားတယ်ဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီး ပြောရလို့ရှိရင်တော့ အရင်တုန်းကလည်း ကျုံးလေးဘက်မှာပဲ ကြိတ်ကြိတ်တိုး လူတွေ တိုးနေကြပြီးတော့ မရွေ့နိုင် မလျားနိုင် ဖြစ်နေကြတာပေါ့နော်။ဒီနှစ်မှာတော့ တမြို့လုံးအနှံ့ ပြန့်သွားတာဖြစ်တဲ့အတွက် အရင်နှစ်တွေကလို တနေရာတည်းမှာပဲ ကြိတ်ကြိတ်မတိုးနေရပါဘူး။ အဲ့တော့ မစည်ကားဘူးဆိုတဲ့ ဝေဖန်မှုလည်း ရှိကောင်းရှိနိုင်ပါတယ်။"

မန္တလေးသင်္ကြန်ကို မန္တလေးမြို့ခံတွေသာမက ရန်ကုန်မြို့အပါအဝင် တခြားအနယ်နယ် အရပ်ရပ်က လူတွေလဲ တကူးတကသွားပြီး ဆင်နွှဲကြတာတွေ ရှိပါတယ်။ ဒီနှစ် ပုံစံအသစ်နဲ့ သင်္ကြန်ပွဲကျင်းပဖို့ စီစဉ်နေတဲ့အပေါ် မေ ျှာ်လင့် စောင့်စားနေသူတွေထဲ ကိုနိုင်လဲ အပါအဝင်ပါ။

"ကျနော်တို့ မန္တလေးသင်္ကြန်ဆိုတာ အရင်တုန်းက ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ငယ်ငယ်တုန်းကဆိုရင် မြို့ထဲကလူတွေနဲ့ မန္တလေးမြို့ခံတွေပဲ လည်ကြတာများတယ်ဗျ။ အခုက ဒီဘက်နောက်ပိုင်းတွေမှာဆိုလို့ရှိရင် ကျနော်တို့ မန္တလေးပတ်ဝန်းကျင်က နယ်က လူတွေ အကုန်လုံး လာကြတယ်ဗျ။ မန္တလေးကို လာကြတယ်ဗျ။ လာပြီးရင် ကျုံးမှာပဲ လာပိတ်နေကြတယ်ဗျ။ အဲ့တော့ အခုဟာက နယ်ကလူတွေက မန္တလေးမြို့ထဲကို လာကြမယ် လည်ကြမယ်ဆိုရင်လည်း တနေရာတည်းမှာ မဟုတ်တော့တဲ့အတွက် လမ်းလျှောက်ချင်တဲ့သူကလည်း လမ်းလျှောက်သင်္ကြန် သွားမယ်။ ဖျော်ဖြေရေးအစီအစဉ်ကို နားဆင်ချင်တဲ့သူတွေကလည်း ဖျော်ဖြေရေးအစီအစဉ်တွေဘက် သွားမယ်။ မနော်ရမ္မံထဲမှာရှိတဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ ဖျော်ဖြေပွဲ နားထောင်ချင်တဲ့သူကလည်း အဲ့ဘက်ကို သွားကြလိမ့်မယ်ဗျ။ မြို့ထဲမှာလည်း မဏ္ဍပ်အသေးလေးတွေ ကျနော်တို့ ငယ်တုန်းကလို အုန်းလက်သင်္ကြန်လေးတွေလည်း ထွက်လာမယ်လို့ မျှော်လင့်မိပါတယ်။"

ရန်ကုန်တိုင်းအစိုးရကတော့ စီးပွားဖြစ် မဏ္ဍပ်တွေကို သင်္ကြန်ကာလတွင်း တင်းတင်းကြပ်ကြပ် ကန့် သတ်လိုက်တာမို့ ရန်ကုန်သင်္ကြန် စည်ကားမှု ပြီးခဲ့တဲ့ နှစ်ကတည်းက လျော့ကျခဲ့ပြီး အဲ့ဒီကို ကန့်သတ်မှုတွေအပေါ် ရန်ကုန်မြို့ခံ လူငယ်တွေက ဝေဖန်နေတာလည်းဖြစ်ပါတယ်။

ရန်ကုန် သင်္ကြန်အပေါ် စိတ်ပျက်နေတယ်လို့ဆိုတဲ့ လူငယ်တဦးဖြစ်သူ ကိုမြတ်သုနောင် ကတော့ ရန်ကုန်တိုင်း အစိုးရအနေနဲ့ လူငယ်သဘာဝကို လေ့လာသင့်တယ်လို့ ပြောပါတယ်။

" ဟိုနှစ်တွေတုန်းက မဏ္ဍပ်တွေဘာတွေ နည်းနည်းပါးပါးရှိသေးတယ်။ မဏ္ဍပ်တွေ မရှိတာ နှစ်နှစ်လောက်ရှိပြီ။ သိတယ်မဟုတ်လား ဖရိုဖရဲတွေဖြစ်နေတာ စည်ကားမှုကလည်း မနှစ်က သိသိသာသာပဲ။ မြင်တဲ့အတိုင်းပဲ ဟုတ်တယ်မဟုတ်လား တော်တော်လေး လျော့ကျသွားတယ်ခင်ဗျ။ စည်းကမ်းလည်း ကျပ်သင့်တာကျပ် မကျပ်သင့်တာ မကျပ်နဲ့ပေါ့။ လွှတ်ပေးသင့်တာ လွှတ်ပေးရင် အကုန်လုံးကတော့ အေးအေးဆေးဆေးနဲ့ပဲ ဘာမှအသံတွေ ဘာတွေလည်း ထွက်လာမှာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် လူငယ်သဘာဝကို လေ့လာစေချင်တယ်ဗျ။"

ဒီနှစ်မန္တလေး မြို့တော် မဟာသင်္ကြန်မဏ္ဍပ်မှာတော့ ရွာစား စိန်ဒူးဝါးဦးဆောင်တဲ့ မြန်မာ့ရိုးရာ ဆိုင်းဝိုင်း၊ သံချပ်တွေနဲ့ လူရွှင်တော်အဖွဲ့တွေရဲ့ ဖျော်ဖြေမှု တွေ စီစဉ်ထားတာပါ။ မန္တလေး သင်္ကြန်လို့ ဆိုလိုက်ရင် မပါမဖြစ် မြို့မတီးဝိုင်းအတွက် မန္တလေးတိုင်းအစိုးရအနေနဲ့ ငွေကျပ် သိန်း ၅၀ကူညီထားပြီး အခမဲ့ ယာဉ်သုံးစွဲနိုင်အောင် ကူညီပေးထားတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG