သုံးရလွယ်ကူစေသည့် Link များ

မဟာသင်္ကြန် အကျနေ့ ဒီကနေ့မှာတော့ ရန်ကုန်မြို့မှာ မဏ္ဍပ်ကြီးတွေရှိတဲ့ ပြည်လမ်း၊ ၁၉ လမ်း စတဲ့နေရာတွေမှာ ရေပက်သူ တွေ ရေပက်ခံထွက်သူတွေနဲ့ စည်စည်ကားကားရှိပြီး မန္တလေးမြို့မှာတော့ လမ်းလျှောက်သင်္ကြန်ဆိုပြီး ထူးထူးခြားခြားကျင်းပပါ တယ်။

ရန်ကုန်မြို့မှာ မဏ္ဍပ်အရေအတွက် သိပ်နည်းလွန်းသလို တခုနဲ့တခုကြားမှာလဲ သိပ်ခြားတာကြောင့် မဏ္ဍပ်ရှိတဲ့နေရာတွေမှာတော့ ကျိတ်ကျိတ်တိုး စည်ကားပါတယ်။ ရေပက်ခံမဏ္ဍပ်တွေနားမှာ သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ စောင့်ကျပ်နေပြီး မဏ္ဍပ်ထဲ တန်းစီဝင်လာတဲ့ ရေပက်ခံကားတွေပေါ်မှာ အရက် ဘီယာ စတာတွေကို ပုလင်းတွေနဲ့ ထည့်ယူလာတယ်ဆိုရင် ပုလင်း ထဲကနေ ပလတ်စတစ်အိတ်ထဲကို ပြောင်းထည့်ပြီးတော့မှ ယူသွားခွင့်ပေးပါတယ်။ ဒ့ါအပြင် ကားပေါ်မှာ အန္တရာယ်ဖြစ်စေတဲ့ တုတ် ဓား လက်နက် စတာတွေ ပါမပါကိုလဲ အတော်လေး စေ့စေ့စပ်စပ် ကြည့်ရှုပြီး တွေ့တယ်ဆိုရင် သိမ်းယူထားလိုက်ပါတယ်။

မဏ္ဍပ်တွေထဲမှာ ပျော်ရွှင် မြူးတူး ကခုန်စေတဲ့ ဂီတတေးသွား ဖွင့်ပေးထားတဲ့ မဏ္ဍပ်တွေရှိသလို အနုပညာရှင်တွေကိုယ်တိုင် ဖျော်ဖြေကြတဲ့ မဏ္ဍပ်တွေလဲရှိပါတယ်။

ဒါ့အပြင် နေရာအနှံ့ လှည့်လည် ဖျော်ဖြေကြတဲ့ သံချပ်အဖွဲ့တချို့လဲရှိပါတယ်။ အထူးသဖြင့် ရန်ကုန်မှာကတော့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့က သံချပ်အဖွဲ့တွေ နေရာအနှံ့ လှည့်လည် ဖျော်ဖြေကြပါတယ်။

မန္တလေးမြို့မှာတော့ ဒီနှစ်မှာမှ ထူးထူးခြားခြား လမ်းလျှောက်သင်္ကြန်ပွဲတော်ဆိုပြီး မန္တလေးကျူံးမြို့ရိုး တောင်ဘက်ခြမ်းကို ကားတွေ ၀င်ခွင့်မပေးဘဲ လမ်းလျှောက်ပြီးတော့ပဲ ရေကစား ပျော်ပါးကြပါတယ်။ မွန်၊ ရှမ်း၊ ကရင် စတဲ့ တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာလဲ သက်ဆိုင်ရာဒေသအလိုက် သင်္ကြန်ပွဲတော်တွေကို ဆင်နွှဲကြပါတယ်။

XS
SM
MD
LG