သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် Helmand ဒေသတွင်း ကန်တပ်ဖွဲ့တွေပြန်နေရာယူ


အာဖဂနစ္စတန် နိုင်ငံ Helmand ပြည်နယ် တောင်ပိုင်းမှာ အမေရိကန် မရိန်းတပ်ဖွဲ့က ပြန်လည် တပ်စခန်းချ ( ဧပြီ ၂၉-၂၀၁၇)
အာဖဂနစ္စတန် နိုင်ငံ Helmand ပြည်နယ် တောင်ပိုင်းမှာ အမေရိကန် မရိန်းတပ်ဖွဲ့က ပြန်လည် တပ်စခန်းချ ( ဧပြီ ၂၉-၂၀၁၇)

အာဖဂန်နစ္စတန် နိုင်ငံ Helmand ပြည်နယ် တောင်ပိုင်းမှာ အမေရိကန် မရိန်းတပ်ဖွဲ့က ပြန်လည် တပ်ချပါတယ်။ မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO တပ်ဖွဲ့ရဲ့ အာဖဂနစ္စတန် နိုင်ငံတွင်း သုံးနှစ်တာ တာဝန် ပြီးဆုံးချိန်မှာဘဲ ဘိန်းစိုက်ပျိုးတဲ့ မတည်မငြိမ် ဖြစ်နေတဲ့ ဟယ်လ်မန်းပြည်နယ်ကို အမေရိကန် မရိန်းတပ်တွေက တာဝန်လွှဲပြောင်းယူတာ ဖြစ်ပါတယ်။

ဟယ်လ်မန်း ကွပ်ကဲရေး ဌာနကို လွှဲပြောင်းပေးတဲ့ အခမ်းအနားကို မနေ့ စနေနေ့က ကျင်းပတာမှာတော့ အမေရိကန် မရိန်းတပ်ဖွဲ့ရော NATO တပ်ဖွဲ့ပါ တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန် တပ်ဖွဲ့တွေဘက်ကတော့ တိုက်ခိုက်ရေး အစား တာလီဘန်တို့ကို ရှင်းလင်းနေတဲ့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေကို လေ့ကျင့် သင်တန်းပေးတာ၊ အကြံညဏ်ပေးတာနဲ့ အထောက်အကူပေးတာတွေကိုဘဲ လုပ်ဆောင်မှာပါ။ ပွင့်လင်း ရာသီ ထိုးစစ်တွေ စတင်ပြီလို့ တာလီဘန်တို့ ကြေညာပြီး နောက်တနေ့မှာဘဲ အမေရိကန် မရိန်းတပ်တွေ ဟယ်လ်မန်းပြည်နယ်မှာ တပ်ချတာ ဖြစ်ပါတယ်။

ဟယ်လ်မန်း ပြည်နယ်တွင်း ဒေသ အများစုကို တာလီဘန်တို့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုတွေကနေ သူပုန်တွေ ငွေအမြောက်အများ ရနေတာလည်း ဖြစ်ပါတယ်။

အာဖဂန် Helmand ဒေသတွင်း ကန်တပ်ဖွဲ့တွေပြန်နေရာယူ
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG