သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဘုရင်မကြီးနဲ့တွေ့ဆုံ

 ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဗြိတိန်ဘုရင်မကြီး၊ အိမ်ရှေ့မင်းသားတို့နဲ့ တွေ့ဆုံ။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဗြိတိန်ဘုရင်မကြီး၊ အိမ်ရှေ့မင်းသားတို့နဲ့ တွေ့ဆုံ။

ဥရောပသုံးနိုင်ငံ ခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်နောက်ဆုံး ခရီးတထောက်အဖြစ် ဗြိတိန်နိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့ ဗြိတိန်ဘုရင်မကြီး၊ အိမ်ရှေ့မင်းသားတို့နဲ့ တွေ့ဆုံခဲ့သလို၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Borris Johnson နဲ့လည်း ညနေပိုင်းမှာ တွေ့ဆုံဖို့ ရှိပါတယ်။ သီတင်းတပတ်နီးပါးကြာ ဗြိတိန် ခရီးစဉ်အတွင်းမှာတော့ ဗြိတိန်လွှတ်တော်နဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ့်အပြင် လန်ဒန်ရောက် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လန်ဒန်ခရီးစဉ်နဲ့ပတ်သက်လို့ စုံစမ်း မေးမြန်း ထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။။

မနေ့ ကြာသပတေးနေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ ဗြိတိန်ဘုရင်မကြီး အယ်လိဇဘက်သ်နဲ့ တွေ့ဆုံခဲ့သလို၊ အိမ်ရှေ့မင်းသား ချားလ်စ်နဲ့လည်း သီးခြား တွေ့ဆုံခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Borris Johnson နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုအတွင်းမှာတော့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆိုင်ရာ ကိစ္စတွေ အဓိကထား ဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

“စီးပွားရေးဆိုင်ရာ ကိစ္စတွေ အဓိကဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။ အထူးသဖြင့် စွမ်းအင်နဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ NLD အစိုးရရဲ့ အသုံးစရိတ်ဘတ်ဂျက် လျာထားမှုတွေနဲ့ပတ်သက်လို့ပါ။ NLD အစိုးရအနေနဲ့ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ထက်လမ်း၊ တံတားသစ်တွေ၊ အခြေခံအဆောက်အအုံ တည်ဆောက်မှုတွေကို ဦးစားပေးထားသလို၊ ဗြိတိန်အစိုးရ အနေနဲ့ကလည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အကြံပေး ပူးပေါင်းပါဝင်တာတွေ ရှိနေတော့ - ဒီလိုစီမံကိန်းတွေ လုပ်ငန်းတွေမှာ ဗြတိန်ကုမ္ပဏီတွေ ဘယ်လိုနေရာကနေ ပါဝင်နိုင်မလဲဆိုတာတွေ ဆွေးနွေးနိုင်ပါတယ်။”

ဗြိတိန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီ အထောက်အပံ့ ကိစ္စတွေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တော့ ဆွေးနွေးနိုင်ဖွယ်ရှိသလို၊ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ချက်တချို့နဲ့ပတ်သက်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Johnson ဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ Mark Farmaner က ပြောပါတယ်။

“ကုလသမဂ္ဂ ဦးဆောင်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ ဖွဲ့စည်းသွားဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် ချခဲ့ကြပြီး မြန်မာအစိုးရအနေနဲ့ ဒီအပေါ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းရာမှာ ဗြိတိန်နိုင်ငံလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီး Borris Johnson ဆွေးနွေးနိုင်ပါတယ်။”

အခုခရီးစဉ်အတွင်း ဗြိတိန်လွှတ်တော်နဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဦးမှာပါ။ ဒီလ ၈ ရက် တနင်္လာနေ့ ကျရင်တော့ လန်ဒန်မြို့တော်ရဲ့ အထင်ကရ ဂုဏ်ထူးဆောင်ဆု တခုဖြစ်တဲ့ Freedom of the City of London ဆုကို ဒေါ်အောင်ဆန်း စုကြည် လက်ခံရယူမှာဖြစ်ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံကို ပြန်လည် မထွက်ခွာခင် ဒီလ ၉ ရက်နေ့မှာတော့ လန်ဒန် မြန်မာသံရုံး မိသားစုတွေ၊ အင်္ဂလန်ရောက် မြန်မာမိသားစုတွေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ရှိတဲ့အကြောင်း လန်ဒန် မြန်မာသံရုံး တာဝန်ရှိပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးသန်းထွန်းအောင်က ပြောပါတယ်။

" အဲ့တာတော့ အကြမ်းဖျင်းတော့ ကျနော်တို့ သိထားပါတယ်။ မြန်မာသံရုံးနဲ့တွေ့ဖို့ကိုတော့ ဖိတ်ထားပါတယ်။ သံရုံးနဲ့တွေ့မယ်။ မိသားစုနဲ့တွေ့မယ်ဆိုတာတော့ သိထားတယ်။ အဲ့လောက်ကလေးပဲ ကျနော်တို့သိတယ်ခင်ဗျ။ မြန်မာအသိုင်းအဝိုင်းနဲ့ကလည်း နေရာက Confirm မဖြစ်တော့ ဟိုရွှေ့ဒီရွှေ့နဲ့ဆိုတော့ State Counsellor အပေါ်မူတည်ပြီး အတိအကျတော့ မသိဘူး။ တွေ့ဖို့အစီအစဉ်တော့ရှိပါတယ်။ တွေ့မှာပါခင်ဗျ။ "

ဒီတွေ့ဆုံမယ့် အစီအစဉ်နဲ့ပတ်သက်လို့ ဗြိတိန်ရောက် မြန်မာအသိုင်းအဝိုင်းတွေအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ မြန်မာသံရုံးနဲ့ နီးစပ်ရာ ပုဂ္ဂိုလ်တွေသာ ဖိတ်ကြားခံရပြီး တချိန်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆောင်ရွက်ခဲ့ကြသူတွေ၊ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကိုတော့ ဘေးဖယ်ထားတယ်ဆိုပြီး ဝေဖန်နေကြတာပါ။ ဝါရင့်သံတမန်ဟောင်းတဦးဖြစ်တဲ့ ဦးခင်မောင်ကြည်က အခုလို ပြောပါတယ်။

" အန်ကယ်လ်တို့ ဒီမိုကရေစီလုပ်တဲ့ အစတုန်းကတည်းက ဒီမိုကရေစီတောင်းဆိုတဲ့သူ တယောက်မှ မပါဘူး။ တယောက်မှ မဖိတ်ဘူး သံအမတ်ကြီး။ သူတို့ ငဖားတွေ ဆရာဝန်တွေ ဘာတွေ သံရုံးကို အစဉ်အလာ ဝင်ထွက်ပြီးတော့ နေတဲ့သူတွေ သူတို့ လူ ၃၀၀ကို ဖိတ်ထားတယ်ပြောတယ်။ ဟိုတနေ့က လူ ၁၀၀တဲ့ ဒေါ်အောင်ဆန်းစုကြည်က လူတစ်ရာလောက်ပဲ ဖိတ်မယ်ဆိုတော့ မဟုတ်ဘူးတဲ့ သံအမတ်ကပြောပြီးတော့ သူ့လူတွေက လူ၃၀၀လောက်ရှိတာပေါ့။ ဟိုတယ်တခုမှာ လုပ်မယ်ဆိုပြီး အစီအစဉ် လုပ်တယ်တဲ့။ ကျနော်တို့ ပထမတခါလုပ်တော့ ပန်းချီဆရာထိန်လင်းတို့ ဇာဂနာတို့ လာလုပ်ကြတာဆိုတော့ လူထောင်ချီလာတာ။ နှစ်ထောင်၊ သုံးထောင်လောက် လာတာ။ ဒေါ်အောင်ဆန်းစုကြည်အတွက် အန်ကယ်လ်တို့ အင်အားစုတွေ။ အခုဒီမိုကရေစီအင်အားစုတွေ တယောက်မှ မပါဘူး။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ်မှာ အရင်ခရီးစဉ်တွေတုန်းကလို သူ့ကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသူတွေ နည်းသွားတာ တွေ့ရသလို၊ သူ့ကို ဆန့်ကျင်ဆန္ဒပြဖို့ စီစဉ်နေသူတွေလည်း ရှိနေပါတယ်။ ဒီတခေါက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်ခရီးစဉ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ ဒုတိယအကြိမ် လာရောက်တာဖြစ်ပါတယ်။

ဒီဗြိတိန်ခရီးစဉ်အတိုင်ခင် အီတလီနိုင်ငံ ခရီးစဉ်အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီဝန်ကြီးချူပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပုပ်ရဟန်းမင်းကြီးတို့နဲ့ သီးခြားစီ တေ့ွဆုံခဲ့တဲ့အပြင်၊ အီတလီ အထက်လွှတ်တော်မှာလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဥရောပခရီးစဉ် ပထမတထောက်ဖြစ်တဲ့ ဘယ်လ်ဂျီယံနိုင်ငံ ခရီးစဉ်အတွင်းမှာတော့ အီးယူ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini ၊ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk အပါအဝင် အီးယူ တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့သလို၊ ဘယ်လ်ဂျီယံဘုရင် Philippe နဲ့လည်း သီးခြား တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ခရီးစဉ် သတင်းဓာတ်ပုံများ။

Britain's Queen Elizabeth and the Prince William greet Burma's de facto leader Aung San Suu Kyi
1/4 Britain's Queen Elizabeth and the Prince William greet Burma's de facto leader Aung San Suu Kyi
ဥရောပသုံးနိုင်ငံ ခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်နောက်ဆုံး ခရီးတထောက်အဖြစ် ဗြိတိန်နိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့ ဗြိတိန်ဘုရင်မကြီး၊ အိမ်ရှေ့မင်းသားတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
Britain's Prince Charles and Camilla, the Duchess of Cornwall meet Burma's de facto leader Aung San Suu Kyi
2/4 Britain's Prince Charles and Camilla, the Duchess of Cornwall meet Burma's de facto leader Aung San Suu Kyi
ဥရောပသုံးနိုင်ငံ ခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်နောက်ဆုံး ခရီးတထောက်အဖြစ် ဗြိတိန်နိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့ ဗြိတိန်ဘုရင်မကြီး၊ အိမ်ရှေ့မင်းသားတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
Britain's Prince Charles and Camilla, the Duchess of Cornwall meet Burma's de facto leader Aung San Suu Kyi
3/4 Britain's Prince Charles and Camilla, the Duchess of Cornwall meet Burma's de facto leader Aung San Suu Kyi
ဥရောပသုံးနိုင်ငံ ခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်နောက်ဆုံး ခရီးတထောက်အဖြစ် ဗြိတိန်နိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့ ဗြိတိန်ဘုရင်မကြီး၊ အိမ်ရှေ့မင်းသားတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
Britain's Queen Elizabeth and the Prince William greet Burma's de facto leader Aung San Suu Kyi
4/4 Britain's Queen Elizabeth and the Prince William greet Burma's de facto leader Aung San Suu Kyi
ဥရောပသုံးနိုင်ငံ ခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်နောက်ဆုံး ခရီးတထောက်အဖြစ် ဗြိတိန်နိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့ ဗြိတိန်ဘုရင်မကြီး၊ အိမ်ရှေ့မင်းသားတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
Previous slide
Next slide

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဘုရင်မကြီးနဲ့တွေ့ဆုံ
please wait

No media source currently available

0:00 0:04:51 0:00
တိုက်ရိုက် လင့်ခ်

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဘုရင်မကြီး နှင့်တွေ့
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG