သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Marcon ရွေးချယ်တဲ့ ပြင်သစ် ပါလီမန် အမတ်လောင်းတချို့

ရွေးကောက်ခံ ပြင်သစ်သမ္မတ Emmanuel Macron
ရွေးကောက်ခံ ပြင်သစ်သမ္မတ Emmanuel Macron

ပြင်သစ်နိုင်ငံမှာ ရှေ့လအတွင်း ကျင်းပဖို့ရှိတဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ တချိန်က Bullfighter လို့ခေါ်တဲ့ နွားရိုင်းနဲ့ ကစားပြီး သတ်ပြခဲ့သူ အမျိုးသမီး၊ ဗွီဒီယို Games လုပ်ငန်းပိုင်ရှင် သူဌေးကြီး၊ သင်္ချာပညာ ထူးချွန်ထက်မြက်သူတို့က သူ့ပါတီအတွက် အနိုင်ရအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ သမ္မတအဖြစ် ရွေးကောက် တင်မြောက်ခံထားရတဲ့ Emmanuel Macron က မျှော်လင့်နေပါတယ်။

စီးပွားလုပ်ငန်းတွေကို လိုလားသူဖြစ်တဲ့အပြင် အီးယူနဲ့ ပူးပေါင်းရေးကို လိုလားတဲ့ အလယ်အလတ် ဝါဒီ Macron ဟာ ပြင်သစ်နိုင်ငံမှာ အပြောင်း အလဲတွေ ဖော်ဆောင်ပေးမယ်၊ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။ ဒါပေမယ့် သူလုပ်ဆောင်လိုတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်ရေးအတွက် လွှတ်တော်မှာ အမတ်နေရာ အများစု အနိုင်ရဖို့ လိုအပ်ပါတယ်။

မည်သို့ပင် ဖြစ်စေကာမူ သူဟာ ပထမဆုံး အနေနဲ့ကတော့ ပါတီမရှိတဲ့ သမ္မတ တဦး ဖြစ်လာမှာပါ။ သူစတင် တည်ထောင်ခဲ့တဲ့ En Marche! - ရှေ့သို့ လို့အမည်ရတဲ့ လှုပ်ရှားမှုကတော့ သူသမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရေး သက်သက်အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရည်မှန်းချက် အခုချိန်မှာ ပြည့်၀ သွားပြီဖြစ်တဲ့အတွက် သမားရိုးကျ နိုင်ငံရေးပါတီတွေကို အနိုင်ရရေးအတွက် သူ့ရဲ့ လှုပ်ရှားမှုကြီးကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲပစ်ရတော့မှာပါ။ ပြင်သစ်နိုင်ငံက သမားရိုးကျ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီကြီးတွေဟာ သမ္မတ ရွေးကောက်ပွဲနောက်မှာ ဖရိုဖရဲ ဖြစ်နေပြီး အဲဒီလူတွေကို သမ္မတသစ်က စည်းရုံးနေပါတယ်။

ဇွန်လမှာ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေအနေနဲ့ လက်ယာနဲ့ လက်ဝဲယိမ်း နိုင်ငံရေး ပါတီကြီးတွေကို ရှောင်ပြီး သူ့ကိုယ်စားလှယ်လောင်းတွေကို မဲပေးရေး မဲဆွယ် စည်းရုံးဖို့ တလလောက်ပဲ အချိန်ကျန်ပါတော့တယ်။ အခုချိန်ထိတော့ လွှတ်တော်ရဲ့ စုစုပေါင်း အမတ်နေရာ ၅၇၇ နေရာအတွက် Macron ရဲ့ လှုပ်ရှားမှုက ကိုယ်စားလှယ်လောင်း ၄၂၈ ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

Marcon ရွေးချယ်တဲ့ ပြင်သစ် ပါလီမန် အမတ်လောင်းတချို့
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG