သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FBI ညွှန်မှူးဟောင်းနဲ့ပြောခဲ့သမျှ သမ္မတထရမ့် ကျမ်းကျိန်ထွက်ဆိုဖို့ ရာနှုန်းပြည့်ရှိ


သမ္မတထရမ့် ( ဇွန် ၉-၂၀၁၇)
သမ္မတထရမ့် ( ဇွန် ၉-၂၀၁၇)

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗြူရို FBI ညွှန်ကြားရေးမှူးဟောင်း Jame Comey နဲ့ ပြောခဲ့တဲ့စကားတွေကို ကျမ်းသစ္စာကျိန်ဆိုပြီးပြောဆိုရင် ပြောသွားဖို့ ၁၀၀ % ဆန္ဒရှိတယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ သူနဲ့ မစ္စတာ Comey နဲ့ ပြောခဲ့တဲ့ စကားတွေကတော့ ကျမ်းကျိန်ပြီး ပြောခဲ့တဲ့ မဟုတ်ဘူးလို့ သမ္မတထရမ့်က ပြောပါတယ်။

ဒါပေမဲ့လည်း သူ့အနေနဲ့ နောက်ထပ် FBI ညွှန်ကြားရေးမှူးဟောင်း Robert Muller ရဲ့ မေးခွန်းတွေကို ဖြေကြားသွားဖို့ ဆန္ဒရှိတယ်လို့ သမ္မတ ထရမ့်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံရေးမှာ ရုရှားဝင်ရောက်ပတ်သတ်နေမှုတွေကိုကြည့်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို FBI ညွှန်ကြားရေမှူးဟောင်း Robert Muller က ဦးဆောင်သွားမှာဖြစ်ပါတယ်။

သမ္မတထရမ့် နဲ့ ရိုမေးနီးယားသမ္မတ Klaus Lohannis နဲ့ အတူ အိမ်ဖြူတော်ရဲ့ Rose Garden မှာ သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်ရဲ့ အမေးကို သမ္မတထရမ့်က ပြောကြားခဲ့တာဖြစ်ပါတယ်။

သူပြောခဲ့တာတွေအတော်များများကို James Comey က အတည်ပြုခဲ့ကြောင့်၊ ဒါပေမဲ့ တချို့အချက်တွေကတော့ မမှန်ကန်ဘူးလို့ သမ္မတထရမ့်က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီရှေ့မှောက်မှာ ကြာသပတေးနေ့က ကျမ်းသစ္စာကျိန်ဆိုပြီးထွက်ဆိုခဲ့စဉ်အတွင်း မစ္စတာကိုမီဟာ လိမ်ညာထွက်ဆိုခဲ့တယ်ဆိုပြီး သမ္မတထရမ့်က အခြေခံအားဖြင့် စွပ်စွဲခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG