သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးလုပ်ငန်း နဲ့ လူကုန်ကူးမှု အင်ဒိုနှိမ်နင်းမည်


အင်ဒိုနီးရှားမှာ လူကုန်ကူးခံရတဲ့ ငါးဖမ်းလုပ်သမားများ။
အင်ဒိုနီးရှားမှာ လူကုန်ကူးခံရတဲ့ ငါးဖမ်းလုပ်သမားများ။

အာရှဒေသတလွှားမှာ ငါးလုပ်ငန်းရဲ့ နောက်ကွယ်မှာ လူမှောင်ခိုကူးတဲ့ ရာဇဝတ်မှုက ကြီးစိုးနေတာမို့ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတ Joko Widodo က ဒီငါးလုပ်ငန်းအတွက် လုံခြုံစိတ်ချရအောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ တချိန်ထဲမှာပဲ နိုင်ငံရဲ့ သယံဇာတတွေ ဖြစ်တဲ့ သတ္တုတူးဖေါ်ရေးကနေ စားအုန်းဆီ လုပ်ငန်းအထိ ပါဝင်တဲ့ ဝင်ငွေများတဲ့ လုပ်ငန်းတွေထဲမှာ ငါးသယံဇာတ ကနေ ဝင်ငွေတိုးနိုင်ဖို့လည်း ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ငါးလုပ်ငန်းမှာ လူမှောင်ခိုကူးတာတွေ၊ အင်ဒိုနီးရှားနဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေက ငါးဖမ်း လုပ်သားတွေအပေါ် လုပ်အား ခေါင်းပုံဖြတ်မှုတွေ ညှင်းပမ်း နှိပ်စက်မှုတွေ ရှိနေတာမို့ ဒါတွေပပျောက်အောင် အကြီးအကျယ် လုပ်ဆောင်နေရရတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း ငါးလုပ်ငန်းမှာ စည်းကမ်း သတ်ချက်တွေ အခုထိ လျော့ရဲ နေသေးတာမို့ ဒီလုပ်ငန်းကနေ ဒုက္ခရောက်သွားသူ အရေအတွက် ကို အခုထိ အတိအကျ မသိနိုင်ပဲ ရှိနေတာပါ။ ဒါပေမယ့် သိပ်ကို များမယ့် လက္ခဏာရှိနေပါတယ်။

၂၀၁၆ မှာ AP သတင်းဌာနရဲ့ စုံစမ်းချက်တွေ အရ ငါးဖမ်း လုပ်သား ၄၀၀၀ လောက် အခွင့်ရေး ချိုးဖေါက်မှု ခံနေရတယ် ဆိုတာကို သိခဲ့ရပြီး ဒီအထဲမှာ အင်ဒိုနီးရှား နိုင်ငံ Maluku ကျွန်းတွေဆီ အခေါ်ဆောင် ခံခဲ့ရပြီး အနှိပ်စက် ခံနေရသူတွေထဲမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေက ငါးဖမ်း လုပ်သားတွေ ပါနေပါတယ်။

၂၀၁၆ မှာ အင်ဒိုနီးရှားနိုင်ငံမှာ လူမှောင်ခိုအကူးခံရသူ လူပေါင်း ၁၁၀၀ ကျော် ရှိနေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်း လုပ်သားများ အရေး ဆောင်ရွက်တဲ့IOM အဖွဲ့ ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG