သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်ဖို့ မြန်မာအဖွဲ့တွေကို ဖိတ်ကြား


Department of Special Investigation (DSI) ထိုင်းအထူးစုံစမ်းရေးဌာနက ထိုင်းနိုင်ငံ အတွင်း အနာဂတ် ပြုပြင်ပြောင်းလဲ တိုးတက်စေရေး အစည်းအဝေး တက်ရောက်ခဲ့တဲ့ မြန်မာကိုယ်စားလှယ်တွေ။
Department of Special Investigation (DSI) ထိုင်းအထူးစုံစမ်းရေးဌာနက ထိုင်းနိုင်ငံ အတွင်း အနာဂတ် ပြုပြင်ပြောင်းလဲ တိုးတက်စေရေး အစည်းအဝေး တက်ရောက်ခဲ့တဲ့ မြန်မာကိုယ်စားလှယ်တွေ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က - Department of Special Investigation (DSI) ထိုင်းအထူးစုံစမ်းရေးဌာနကနေ ထိုင်းနိုင်ငံ အတွင်း အနာဂတ် ပြုပြင်ပြောင်းလဲ တိုးတက်စေရန်အတွက် ရည်ရွယ်ပြိး ဇွန်လ ၂၉ကနေ ၃၀ရက်အတွင်းမှာ လုပ်တဲ့ အစည်းအဝေးမှာ နိုင်ငံပေါင်း(၇၀) က လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့တဲ့ ကွန်ယက်အဖွဲဝင်တွေကို ဖိတ်ကြားခဲ့ပါတယ်။ ဒီထဲမှာ လူကုန်ကူးမူလုပ်ငန်းတွေကို အတူတူပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ရွေပြောင်းအလုပ်သမားရေးလုပ်ဆောင်နေတဲ့ ထိုင်နိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲက အမှုဆောင်ဒါရိုက်တာနဲ့ ရှေနေ ဦးအောင်မျိုးသန့်တို့ကို လည်း ဖိတ်ကြားခဲ့ပြီး လူကုန်ကူးမူတိုက်ဖျက်ရေးတွေကို ဆက်ပြီး ပူးတွဲလုပ်ဆောင်သွားဖိုတွေကိုဆွေးနွေးခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပု့ိထားပါတယ်

ထိုင်းနိုင်ငံတွင်းမှာ လူကုန်ကူးမူတိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ထိုင်းအထူးစုံစမ်းရေးဌာန DSI နဲ့ အတူပူးပါင်းပြီးလုပ်ဆောင်ခဲ့ကြတဲ့ နိုင်ငံပေါင်း ၇၀ က ကွန်ယက်အဖွဲ့ဝင်တွေနဲ့ အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ကိုလည်း ထိုင်းနိုင်ငံတွင်းက လူကုန်ကူးမူတိုက်ဖျက်ရေးလုပ်ငန်းတွေကို အတူဆက်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ဖိတ်ကြားခဲ့တာဖြစ်ကြောင်း အမူဆောင်ဒါရိုက်တာ ဦးကျော်သောင်းကပြောပါတယ်။

" ပြည်တွင်းပြည်ပ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတွေကိစ္စတွေကို ဆက်သွယ်ဆောင်ရွက်နေတဲ့သူတွေ၊ ခေါ်ပြီးတော့မှ သူတို့က ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းနဲ့ ဆက်ပြီးတာ့မှ လုပ်ကိုင် ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်တဲ့သဘော။ ပြီးတော့မှ ဒီ တဦးချင်းစီ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲကြုံတွေ့ကြတာတွေကို တင်ပြကြတယ်။ ပြီးတော့မှ သူတို့က အမှတ်တရ လက်ဆောင်တခုချင်းစီ ပေးလိုက်တယ်ပေါ့။"

လူကုန်ကူးမူတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်မူတွေကြောင့် DSI ကပေးတဲ့ဆုကိုလည်း ဦးကျော်သောင်းက ရရှိခဲ့ဘူးပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ နိုင်ငံခြားသားရွေ့ပြောင်းအလုပ်သမားများ၏ အလုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေစီမံချက်အသစ်အပေါ် ပြန်လည်သုံးသပ်နိုင်ဖို့အတွက် ထိရောက်စွာတင်ပြဆွေးနွေးနိုင်ခဲ့တယ်လို့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့က ရှေ့နေဦးအောင်မျိုးသန့်ကလည်းဆိုပါတယ်။

"သင့်တော်တဲ့အကြံညဏ်တွေ ဆွေးနွေးကြတယ်။ တယောက်နဲ့တယောက်လည်း အကြံပေးကြပါတယ်။ အန်ကယ်လ်တို့ကလည်း လောလောဆယ်ဖြစ်နေတဲ့ဥပဒေသစ် ထွက်လာတဲ့အချိန်မှာ ပြစ်ဒဏ်က လေးဆလောက်တက်လာတယ်။ တက်လာတဲ့အခါကျတော့ တော်တော်များများ ဒီဟာက ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ဆယ်စုနှစ်နဲ့ချီပြီးနေတဲ့အခါမှာ အထောက်အထား မရှိတဲ့သူတွေလည်း ရှိကြတယ်။ အခုလို ဥပဒေပြဌာန်းပြီးတော့ အရေးယူလိုက်တဲ့အချိန်မှာ လူတွေဟာ ကသောင်းကနင်းဖြစ်သွားတယ်။ စက်ရုံတရုံမှာ လူတစ်ထောင်လောက်ရှိတာ အဲ့လိုဖမ်းမယ်ကြားတာနဲ့ ထွက်ပြေးကုန်တာ တစ်ရာလောက်ပဲကျန်တော့တယ်။ အဲ့လူတွေဟာ ကူညီပံ့ပိုးမယ့်သူမရှိခဲ့ရင် နောက်ဆုံး လူမှောင်ခိုလမ်းကိုပဲ ရောက်သွားနိုင်တယ်ဆိုတာ အန်ကယ်လ်တို့ တင်ပြဆွေးနွေးပါတယ်။ သူတို့ DSI အကြီးအကဲတွေကလည်း ဒါကို လက်ခံပါတယ်။"

အင်္ဂါနေ့က အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ ၂၀၁၇ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ရာမှာ ၂၁ ရာစုအတွင်း လူပေါင်း သန်း (၂၀) ကျော် လူကုန်ကူးခံနေရပြီး သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ လူကုန်ကူးသူတွေကို ရာဇဝတ်မှု ကျူးလွန်သူတွေ အဖြစ် ထိထိရောက်ရောက် အရေးယူဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ဌာနကပြောကြားခဲ့ပါတယ်

ဒီနှစ် အစီရင်ခံစာမှာ တော့ နိုင်ငံပေါင်း ၁၈၇ နိုင်ငံရဲ့လူကုန်ကူးမှု အခြေအနေကို ဖော်ပြခဲ့ရာမှာ ၃၆ နိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပြည့်အ၀ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံအဆင့်Tier 1 အဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။ နောက် နိုင်ငံပေါင်း (၈၀) ကတော့ Tier 2 အဆင့် အဖြစ် သတ်မှတ်ပြီး ထိုင်းနဲ့ မြန်မာ အပါအဝင် အခြား နိုင်ငံပေါင်း (၄၅) နိုင်ငံကိုတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ စောင့်ကြည့်ခံ နိုင်ငံအဆင့် Tier 2 အဖြစ် ဖေါ်ပြထားပါတယ်။ ကျန်နိုင်ငံပေါင်း (၂၃) နိုင်ငံကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လုံး၀ ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ အဆိုးရွားဆုံး နိုင်ငံအဆင့် Tier ၃ အဖြစ် သတ်မှတ်ထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့က အိမ်နီးနားချင်းမြန်မာနိုင်ငံက အလုပ်လာလုပ်ကြတဲ့ ရွေပြောင်းအလုပ်သမားတွေ သန်းနဲ့ချီရှိတာကြောင့် သူတို့ရဲ့ပင်လယ်စာ လုပ်ငန်းတွေနဲ့ တခြားရေထွက်ပစည်း ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ လူကုန်ကူးခံတာတွေရှိတယ်လို့ဝေဖန်မူတွေ ခံနေရတာဖြစ်ပါတယ်။ ဒီအတွက် Tier ၂ စောင့်ကြည့်စာရင်းထဲမှာ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG