သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်က တရားစွဲထားတဲ့ သတင်းသမားတွေ အပါအဝင် ၈ ဦးအပေါ် အမှုကျေအး


The Voice အယ်ဒီတာချုပ် အာမခံရရှိခဲ့စဉ်က သတင်းဓာတ်ပုံ။
The Voice အယ်ဒီတာချုပ် အာမခံရရှိခဲ့စဉ်က သတင်းဓာတ်ပုံ။

တပ်မတော်က သတင်းမီဒီယာသမားများအပါအဝင် စွဲဆိုထားတဲ့ အမှု ၅ မှုကို ကျေအေးပေး လိုက်ကြောင်း ဒီကနေ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ အခုလိုကျေအေးပေးပေးတာကို သတင်းမီဒီယာသမားတွေဘက်ကလည်း ကြိုဆိုကြပြီးတော ဒီလိုကျေအေးပေးတာဟာ တပ်မတော်အနေနဲ့ သတင်းမီဒီယာတွေအပေါ် အမြင်ပြောင်းလဲ လာတာဖြစ်တယ် လို့လည်း ပြောဆိုမှုတွေရှိပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်ကိုထက်အောင်ခန့်က ဆက်သွယ်မေးမြန်းထားပါတယ်။

တပ်မတော်အနေနဲ့ မတရားအသင်းဆက်သွယ်မှုဖြင့် စွဲဆိုထားတဲ့ အမှုအပါအဝင် The Voice အယ်ဒီတာချုပ်ကိုကျော်မင်းဆွေ ၊ Eleven သတင်းထောက်ချုပ် ကိုဝေဖြိုးတို့အပြင် တပ်မတော်ကို ဂုဏ်သိက္ခာညှိးနွမ်းစေမှုဖြင့် တရားစွဲဆိုထားတဲ့ တခြားလူပုဂ္ဂိုလ် ၂ ဦးတို့ရဲ့ အမှုကိုလည်း ကျေအေးပေးလိုက်တာဖြစ်ပါတယ်။ အခုလိုကြေအေးပေးတာကို ကြိုဆိုပြီး တပ်မတော်အနေနဲ့ သဘောထား ပြောင်းလဲလာတာဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနက အယ်ဒီတာချုပ်ကို ရဲနီကအခုလိုပြောပါတယ်။

"သတင်းသမားတွေရဲ့ ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ဟာရယ် နောက်ပြီးတော့ သူတို့အခုလိုမျိုး ကျွန်တော်တို့ရဲ့လုပ်ငန်းအပေါ်မှာ ကျွန်တော်တို့ရဲ့အလုပ်အပေါ်မှာ အသိမှတ်ပြုတယ်ဆိုတဲ့ဟာက အမြင်ပြောင်းသွားတာပေါ့ဗျာ။ ဆိုလိုတဲ့ဟာက အဲ့အမြင်ပြောင်းလဲ မှုကရေရှည်ခံမယ်ဆိုရင် တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ Respect ပေ့ါ အဲ့လိုမျိုးလေးစားမှုရှိမယ်။ ပြီးတော့ သူရဲ့အလုပ်ကိုသူ ပီပြင်အောင်လုပ်မယ်။ ကိုယ့်အလုပ်ကိုယ်ပီပြင်အောင်လုပ်မယ်ဆိုရင် ဒီဟာကဘာပြသာနာမှ ပေါ်စရာမရှိဘူးလို့ထင်တာပဲခင်ဗျာ။"

အခုလိုသတင်းမီဒီယာသမားတွေကိုစွဲဆိုထားတဲ့အမှုကို ကျေအေးခြင်းဟာ နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့ အကျိုးစီးပွားကို အတူလက်တွဲလုပ်ဆောင်နိုင်ရန်အတွက် သင်ပုန်းချေပြီး ရုပ်သိမ်းပေးခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ တပ်မတော်ဟာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်ရည်ရွယ်ပြီး ကျေအေးပေးတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အခုလိုသုံးသပ်ပါတယ်။

"ကျွန်တော့်အမြင်ကတော့ ဒီတပ်မတော်အနေနဲ့ပေါ့လေ ဒီသတင်းမီဒီယာတွေနဲ့ ဆက်ဆံရေး ပိုပြီးတော့ကောင်းမွန်ဖို့ရည်ရွယ်ပုံရတယ်။ နောက်ပြီးတော့ ဒီမိုကရေစီအပြောင်းအလဲနဲ့ ဒီအရပ်ဖက်စစ်ဖက်ဆက်ဆံရေးပိုမိုကောင်းမွန်ဖို့ လိုအပ်နေတဲ့အချိန်ကာလမှာ သတင်းမီဒီယာတွေရဲ့ အခန်းဏ္ဍကိုလည်းပဲ ပိုပြီးတော့ အသိအမှတ်ပြုလာတဲ့အနေအထားလို့ ကျွန်တော်ကတော့သုံးသပ်ပါတယ်။"

သတင်းမီဒီယာသမားတွေအပေါ် တပ်မတော်အနေနဲ့ ကျေအေးပေးခြင်းကို သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ကိုဇေယျာလှိုင်ကလည်း အခုလိုပြောပါတယ်။

"ဘယ်လိုပဲဖြစ်ဖြစ်ဝမ်းသာပါတယ်။ ကျွန်တော်တို့ဒီလိုလုပ်ရပ်ကိုလည်း ကျွန်တော်တို့ကြိုဆိုပါတယ်။ တပ်မတော်အနေနဲ့ သတင်းမီဒီယာသမားတွေနဲ့ အခုလိုမျိုးဒီ ဘယ်လိုပြောမလည်း မသင့်မမြတ်ဖြစ်နေတာတွေက နိုင်ငံတည်ဆောက်ရေးမှာ တခုခုများ အနှောက်ယှက်ဖြစ်တယ်လို့ ယူဆလားမသိဘူးပေါ့လေ။ တပ်မတော်ရဲ့ သဘောထားကတော့ မှန်းဆရ ပွင့်ပွင့် လင်းလင်းပြောရင် မှန်းဆရခက်တယ်ပေါ့။ အခုတော့ သူတို့ဘက်ကနေပြန်ပြီးတော့ ပြန်လျော့ပေးတယ်ဆိုတော့ သူတို့ဘက်က မီဒီယာတွေအပေါ်မှာ အမြင်များပြောင်းမလား ဒါလည်းစဉ်းစားစရာတချက်ပေါ့။ ဒါမှမဟုတ်ရင် အခုလက်ရှိ ဖြစ်နေတဲ့ ဒီနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေမှာ သတင်းမီဒီယာသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့အမြင်များ ရှိသွားလားပေါ့။ ဖြစ်နိုင်ချေက များတယ်။"

ဒီကနေ့အမှုကျေအေးပေးတဲ့အထဲမှာ သတင်းသမားတွေအပြင် တပ်မတော်က ပုဒ်မ ၅၀၅ (က) စွဲဆိုထားတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုထင်ကျော်နဲ့ တောင်ငူဗကသ ဒုတိယ ဥက္ကဌ ဝေယံသိန်း ဦးဆောင်တဲ့ ကေတုအိုးဝေသံချပ်အဖွဲ့တို့ကို စွဲဆိုထားတာ အမှုတွေကိုလည်း ကျေအေးပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG