သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ် Najib ကို မလေးပြည်သူတချို့ ဆန့်ကျင်


မလေးရှားဝန်ကြီးချုပ် Najib Razak
မလေးရှားဝန်ကြီးချုပ် Najib Razak

မလေးရှားနိုင်ငံမှာ နောက်နှစ်ကျရင်လုပ်မယ့် အထွေထွေရွေးကောက်ပွဲတွေ မတိုင်ခင် နိုင်ငံရေးတင်းမာမှု အရှိန်တက်နေတာနဲ့ အမျှ အရှုပ်အထွေးတွေကြောင့် အကျပ်ရိုက်နေတဲ့ ဝန်ကြီးချုပ် Najib Razak ကို စနေနေ့က ထောင်နဲ့ချီတဲ့လူတွေ စုဝေး ကန့်ကွက် ဆန္ဒပြကြ ပါတယ်။

Pakatan Harapan ဒါမှမဟုတ် Pact of Hope လို့ခေါ်တဲ့ နိုင်ငံရေးညွန့်ပေါင်းအဖွဲ့က အတိုက်အခံနိုင်ငံရေးသမားတွေက ဦးဆောင်ပြီး ဒီဆန္ဒပြပွဲကိုလုပ်တာပါ။ မစ္စတာ Najib ထူထောင်တဲ့ 1MDB လို့ခေါ်တဲ့ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ကနေ ငွေအမြောက်အများ အလိမ်ခံလိုက်ရတယ်ဆိုတာအပေါ် မကျေနပ်လို့ ဆန္ဒပြကြတာတွေထဲက တခုဖြစ်ပါတယ်။ မစ္စတာ Najib ကရော၊ 1MDB ရန်ပုံငွေအဖွဲ့ကပါ မဟုတ်တာ လုပ်ထားတာမရှိဘူးလို့ ငြင်းကြပါတယ်။

ဝန်ကြီးချုပ် Najib ရဲ့ Barisan Nasional BN ညွန့်ပေါင်းအဖွဲ့ကို မလေးရှားနိုင်ငံသားတွေ မဲပေးဖြုတ်ချဖို့ အချိန်ရောက်ပြီလို့ Petaling Jaya မြို့ ကွင်းပြင်တခုမှာလုပ်တဲ့ ဆန္ဒပြပွဲမှာ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဒ်က ပြောပါတယ်။ အဲဒီမြို့ ဟာ ကွာလာလမ်ပူမြို့ကနေ ၁၀ ကီလိုမီတာလောက်ပဲ ဝေးပါတယ်။

ရှစ်နာရီကြာဆန္ဒပြပွဲအတွင်း ပြန်လည်ဖွဲ့စည်းရေး၊ လူထုအဓွန့်ရှည်ရေး၊ BN ညွန့်ပေါင်းအဖွဲ့ ကျဆုံးပါစေဆိုတဲ့ ကြွေးကျော်သံတွေ ကို ဆန္ဒပြသူတွေက အော်ဟစ် ကြွေးကျော်ကြပါတယ်။ ဆန္ဒပြသူ ၂၅၀၀၀ လောက်ရှိတယ်လို့ စီစဉ်သူတွေကပြောပေမဲ့ ရဲတပ်ဖွဲ့ ကတော့ အရေအတွက်ကို ခန့်မှန်းပြောဆိုဖို့ ငြင်းပါတယ်။ AFP သတင်းထောက်တဦးကတော့ အများဆုံးအရေအတွက် ထောင်ချီ လောက်ပဲ ရှိပုံရပါတယ်လို့ ပြောပါတယ်။

၀န်ကြီးချုပ် Najib ကို မလေးပြည်သူတချို့ ဆန့်ကျင်
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG