သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားနဲ့ မြောက်ကိုရီးယား သံတမန်ရေးတင်းမာမှု အရှိန်မြင့်လာ


 မြောက်ကိုရီးယား သံအမတ်ကြီး Kang Chol
မြောက်ကိုရီးယား သံအမတ်ကြီး Kang Chol

မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အဖေတူ၊ အမေကွဲအကို Kim Jong Nam မလေးရှားလေဆိပ်မှာ ပြီးခဲ့တဲ့လက လုပ်ကြံသတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးတွေ တင်းမာ လာချိန် မှာပဲ မြောက်ကိုးရီးယား နိုင်ငံရောက် မလေးရှား နိုင်ငံသားတွေကို နိုင်ငံထဲက ထွက်ခွာခွင့် ပိတ်ပင်လိုက်တဲ့အတွက် မလေးရှားကလည်း မြောက်ကိုးရီးယား သံတမန်တွေ၊ သံရုံးဝန်ထမ်းတွေနဲ့ မြောက်ကိုးရီးယားနိုင်ငံသားအားလုံးကို မလေးရှားနိုင်ငံထဲက ထွက်ခွာခွင့်မပေးပဲ ပြန်ပြီး ပိတ်ပင်တားမြစ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က နှစ်နိုင်ငံသံအမတ်တွေကို အပြန်အလှန် ပြည်နှင်ဒဏ်ပေး လိုက်ပြီးတဲ့နောက် အင်္ဂါနေ့မှာ ဒီလိုဆုံးဖြတ်လိုက်ကြတာပါ။ မလေးရှားဝန်ကြီးချုပ် Najib Razak က မြောက်ကိုးရီးယားနိုင်ငံဟာ သူ့နိုင်ငံသားတွေကို ဓားစာခံ အဖြစ်ထိန်းသိမ်းထား သလို နောက်ထပ်တင်းမာမှုတွေ တိုးမြင့်မလာအောင် အဲဒီ ဆုံးဖြတ်တွေချက်ချင်းရုပ်သိမ်း လိုက်ဖို့မျှော်မှန်းပါတယ်လို့ ပြောပါတယ်။

မြောက်ကိုးရီးယားက သူ့ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံပိုင် သတင်းဌာနကနေ ကြေညာ သွားတာဖြစ်သလိုမလေးရှားရောက် မြောက်ကိုးရီးယားနိုင်ငံသားတွေ ရဲ့ လုံခြုံရေး အာမခံချက်ရတဲ့အထိ ဒီပိတ်ပင်ကန့်သတ်ချက်တွေ ဆက်ထားသွားမယ်လို့ပြောပါတယ်။

Kim Jong Nam ဟာမလေးရှားလေဆိပ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အာရုံကြောကိုထိခိုက်ပျက်စီးစေတဲ့ VX အဆိပ်နဲ့လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ မလေးရှားရဲတို့ကပြောပါတယ်။ တိုက်ခိုက်ခံရပြီး မိနစ် ၂၀ အကြာမှာ Kim Jong Nam သေဆုံးသွားတာဖြစ်ပါတယ်။

မလေးရှားနဲ့ မြောက်ကိုရီးယား သံတမန်ရေးတင်းမာမှု အရှိန်မြင့်လာ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG