သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားသံအမတ် မလေးရှားနှင်ထုတ်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အကိုဝမ်းကွဲတော်သူ Kim Jong-Nam ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာရဲ့ နောက်ဆက်တွဲအဖြစ် မလေးရှားက မြောက်ကိုရီးယား သံအမတ်ကို မောင်းထုတ်လိုက်ပါတယ်။

လုပ်ကြံသတ်ဖြတ်မှုနဲ့ဆိုင်တဲ့ မလေးရှားရဲ့ စုံစမ်းစစ်ဆေးမှုတွေကို သံအမတ်ကြီးက ဝေဖန် ပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် သူ့ကို သံတမန်အဖြစ် မလိုလားအပ်သူအဖြစ် သတ်မှတ်ကြောင်း မလေးရှား နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သံအမတ်ကြီးကို အခုလို မောင်းထုတ်လိုက်တာဟာ မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ တရားမဝင်တဲ့ လုပ်ရပ်တွေအတွက် မလေးရှားကို အသုံးပြုနေတယ်ဆိုတဲ့အပေါ် မလေးရှားအစိုးရအနေနဲ့ စိုးရိမ်တဲ့အကြောင်း ပြသလိုက်တာဖြစ်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သံအမတ်ကြီး Kang Chol အနေနဲ့ တိုင်းပြည်အတွင်းက ၄၈ နာရီအတွင်း ထွက်ခွာသွားဖို့ စနေနေ့မနက်က မြောက်ကိုရီးယားသံရုံးကို မလေးရှားအစိုးရက အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားအနေနဲ့ တောင်းပန်ဖို့ မလေးရှားဘက်က တောင်းဆိုခဲ့ပေမဲ့ တုံ့ပြန်ချက် တစုံတရာ မရခဲ့ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားါပတယ်။

Kim Jong-Nam ကိုတော့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်ဓာတုပစ္စည်းတွေနဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သတ်ဖြတ်မှုကို မြောက်ကိုရီးယားက ကျူးလွန်ခဲ့ကြောင်း တောင်ကိုရီးယားက ပြစ်တင် ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ စုံစမ်း စစ်ဆေးမှုဟာ သူတို့ရဲ့ ရန်သူတွေက နိုင်ငံရေးအရ ရည်ရွယ်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG