သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ်ကို သမ္မတ Trump ချီးကျူး


မလေးရှား ဝန်ကြီးချုပ် Najib Razak အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေပြီး အမေရိကန် သမ္မတ ဒေါ်နလ်ထရမ့်နဲ့ မနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။ မလေးရှားရဲ့ ရင်းနှီးမြုပ်နှံမှုတွေ အမေရိကန်မှာ လုပ်ဆောင်နေတာနဲ့အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဆောင်ရွက်မှုတွေကို သမ္မတထရမ့်က ချီးမွမ်းခဲ့ပါတယ်။

အမေရိကန်ရဲ့ Boeing ဂျက် ခရီးသည်တင် လေယာဉ်တွေကို မလေးရှားက ဝယ်ယူခဲ့တာနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ကုန်သွယ်မှုကို အမေရိကန်နဲ့ မလေးရှားတို့ လုပ်ဆောင်နေကြ တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ကနေ ဘီလီယံ ၂၀ အထိ တန်ဘိုးရှိတဲ့ ဂျက်လေယာဉ်တွေကို မလေးရှား လေကြောင်းမှာ သုံးယူဖို့ဝယ်ယူနေတာပါ။ ဒီအစီအစဉ်က ၅ နှစ် အတွင်းဖြစ်လာမယ်၊ ဒေါ်လာ ၁၀ ဘီလီယံ ထက်မက ရှိလိမ့်မယ် လို့လည်း မလေးရှား ဝန်ကြီးချုပ်က အတည်ပြုချက် ပေးပါတယ်။

အမေရိကန်လုပ် GE ဂျက်အင်ဂျင်တွေလည်း မလေးရှားက ဝယ်ယူဖို့ ရှိနေပါတယ်။ 737 Max-10 အမျိုးအစား ဂျက်လေယာဉ် ၂၅ စီးနဲ့787 Dreamliners ၈ စီးကို ဝယ်ဖို့ ဆုံးဖြတ်ထားရုံတင် မက နောက်ထပ် 737 Max-10 ၂၅ စီး ကိုပါ ထပ်ဝယ်ဖို့ဖြစ်နိုင်ခြေ ရှိတယ်လို့ မလေးရှား ဝန်ကြီးချုပ် Najib Razak က သမ္မတ ထရမ့်ကို ပြောခဲ့ပါတယ်။

မလေးရှားနိုင်ငံ အနေနဲ့ IS စစ်သွေးကြွ အဖွဲ့နဲ့ အလ်ခိုက်ဒါး အုပ်စုတွေလို အကြမ်းဖက် အဖွဲ့အစည်းတွေကိုတိုက်ဖျက်သွားဖို့ မလေးရှားက အခိုင်အမာ ဆက်ပြီး ရှိနေတုန်းပဲ လို့လည်း မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG