သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည် ၃ ပုံ ၁ ပုံ အထူးအကူအညီ လိုအပ်ကြောင်း ကုလသမဂ္ဂ ပြော


ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ ၂၊ ၂၀၁၇)
ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ ၂၊ ၂၀၁၇)

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းဒေသမှာ သြဂုတ်လကုန်ကတည်းက လူအုပ်စု ၂ ခုကြား တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၃ ပုံ ၁ ပုံက အထူးအကူအညီစောင့်ရှောက်မှုတွေ လိုအပ်နေတဲ့ အနေအထားမှာ ရှိတယ်လို့ ကုလသမဂ္ဂက ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေပြီးတော့ ဒီဘင်္ဂလားဒေ့ရှ်က ကူညီကယ်ဆယ်ရေးကော်မရှင်နဲ့ ပူးတွဲပြီးတော့ ပြုလုပ်တဲ့ စစ်တမ်းတွေအရ အခုလိုမျိုး တွေ့ရှိရတာ ဖြစ်ပါတယ်။ ဒီထွက်ပြေးကြတဲ့ မိသားစုတွေကို သုတေသနလုပ်တဲ့သူ စုစုပေါင်း ၁၀၀ ကျော်ကနေပြီးတော့ ဒုက္ခသည်စခန်းတွေ တခုဝင် တခုထွက် စစ်တမ်း ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည် အများအပြားက ကိုယ်လက်အင်္ဂါပိုင်းမှာ ချို့ယွင်းချက်တွေ ရှိနေတာမျိုး၊ ကလေးအများအပြားကလည်း မိသားစုတွေနဲ့ တကွဲတပြား ဖြစ်နေကြတာမျိုးတွေ ဖြစ်နေတယ်လို့ UNHCR ပြောခွင့်ရ Duniya Aslam Khan က VOA ကို ပြောကြားသွားပါတယ်။

သူတို့တွေအားလုံး အသက်ကယ် အထူးဂရုစိုက် ပြုစုစောင့်ရှောက်မှုတွေ လိုအပ်နေပါတယ်လို့လည်း မစ္စ Khan က ပြောပါတယ်။ သူတို့ အခု ကောက်ခံရရှိတဲ့ သတင်းအချက်အလက်တွေကိုလည်း အစိုးရ အာဏာပိုင်တွေ၊ ပြီးတော့ တခြားလူမှု ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မျှဝေသွားမယ်လို့ သူက ပြောသွားခဲ့ပါတယ်ရှင်။

ရိုဟင်ဂျာ ဒုက္ခသည် ၃ ပုံ ၁ ပုံ အထူးအကူအညီ လိုအပ်ကြောင်း ကုလသမဂ္ဂ ပြော
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG