သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ ဆက်ဆံမှု အားလုံးဖြတ်တောက်ဖို့ ကမ္ဘာကို ကန်တိုက်တွန်း


မြောက်ကိုရီးယား မစ်ဇိုင်းဒုံးကျည်ပစ်လွှတ်မှု ရုပ်သံတွင် ပြသနေစဉ်။ (နိုဝင်ဘာ ၂၉-၂၀၁၇)
မြောက်ကိုရီးယား မစ်ဇိုင်းဒုံးကျည်ပစ်လွှတ်မှု ရုပ်သံတွင် ပြသနေစဉ်။ (နိုဝင်ဘာ ၂၉-၂၀၁၇)

တိုက်ချင်းပစ် ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး နောက်ဆုံးအကြိမ် စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကြည့်ရှုနေတဲ့ ဗွီဒီယိုကို မြောက်ကိုရီးယားက ဒီကနေ့ပဲ ပြသလိုက်ပါတယ်။ Hwasong-15 လို့ အမည်ပေးထားတဲ့ မစ်ဇိုင်းဒုံးကိုတော့ ပြုံယမ်းမြို့တော်မြောက်ဖက် စမ်းသပ်စခန်းကနေ မနေ့တုန်းကပဲ ပစ်လွှတ်လိုက်တဲ့ မစ်ဇိုင်းဒုံးဟာ ကီလိုမီတာ ၄၅၀၀ အမြင့်အထိ ရောက်ရှိခဲ့ပြီး၊ ကီလိုမီတာ တထောင်လောက် ပျံသန်းပြီးနောက်မှာတော့ ကိုရီးယားကျွန်းဆွယ် အရှေ့ဖက် ဂျပန်နိုင်ငံပိုင် သီးန့်စီးပွားရေးဇုန် ရေနယ်နမိတ်ကို ကျရောက်ခဲ့တာပါ။

မြောက်ကိုရီးယား ခေါင်းဆောင်ကတော့ စမ်းသပ်မှု အောင်မြင်ကြောင်းနဲ့ နျူကလီးယားစွမ်းရည်ကို သမိုင်းဝင် ပိုင်ဆိုင်လိုက်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ Hwasong-15 မစ်ဇိုင်းဒုံးဟာ အမေရိကန် ပြည်ထောင်စုအထိ ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့ ပြောကြပေမဲ့၊ နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်လွှတ်ဖို့ အတွက်ကတော့ လေးလံလွန်းတဲ့အတွက် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြတာပါ။

မစ်ဇိုင်းဒုံးအသစ်ဟာ ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်နိုင်အောင် မြောက်ကိုရီးယားက တည်ဆောက်နိုင်စွမ်း ရှိရဲ့လားဆိုတဲ့အပေါ်မှာလည်း သံသယရှိနေကြပါတယ်။ မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းစွမ်းရည်အပေါ် သံသယ အမြင်တွေ ရှိနေကြပေမဲ့လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ကတော့ ကမ္ဘာကြီးကို စစ်ပွဲတွေနဲ့ နီးစပ်အောင် တွန်းပို့ရာ ရောက်နေတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန်ဟာ မြောက်ကိုရီးယားနဲ့ စစ်ဖြစ်ဖို့ ကြိုးပမ်းနေတာ မဟုတ်ကြောင်းနဲ့ မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံးစမ်းသပ်မှုတွေလို ရန်လိုတဲ့ လုပ်ရပ်တွေကြောင့် စစ်ဖြစ်နိုင်ကြောင်း မနေ့တုန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ သံအမတ်ကြီး Haley ကပြောဆိုသွားပါတယ်။

စစ်ဖြစ်ခဲ့မယ် ဆိုရင်လည်း မြောက်ကိုရီးယားဟာ ချေမှုန်းခံရမှာဖြစ်ကြောင်း သတိပေးခဲ့တာပါ။ မြောက်ကိုရီးယားနဲ့လည်း သံတမန်ရေး၊ စစ်ရေး၊ သိပ္ပံနဲ့နည်းပညာ၊ ကူးသန်းရောင်းဝယ်ရေး အဆက်အဆံတွေ အားလုံးဖြတ်တောက်ဖို့လည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို သံအမတ်ကြီး Haley က တိုက်တွန်းခဲ့ပါတယ်။

သမ္မတ Trump ကိုယ်တိုင် တရုတ်သမ္မတ Xi Jingping ကို ဆက်သွယ်စကားပြောရာမှာ မြောက်ကိုရီးယားကနေ ရေနံတင်သွင်းမှုတွေကို တရုတ်နိုင်ငံက ဖြတ်တောက်ဖို့ လိုအပ်တဲ့အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း သံအမတ်ကြီး Haley ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG