သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိကဘဏ်များ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်များ အပိုင်း - ၁


မြန်မာ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ လာမယ့် ဇန်နဝါရီလ နောက်ဆုံးထားပြီး ငွေစာရင်း ရှင်းတန်း တင်ပြဖို့ ဗဟိုဘဏ်က ၆ လ အချိန် ပေးခဲ့ပေမယ့် အဲဒီ သတ်မှတ်ချိန် တိုတောင်း လွန်းကြောင်း ပုဂ္ဂလိက ဘဏ်တွေဘက်က ပြောဆိုမှုတွေ ထွက်လာပြီးတဲ့နောက် သတ်မှတ်ချိန်ကို (၃) နှစ်အထိ ဗဟိုဘဏ်က တိုးပေးလိုက်ပါတယ်။ ဒါဟာ လက်ရှိ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကို ပြုပြင် ပြောင်းလဲဖို့ စတင်လုပ်ဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်ပေမယ့် ချည်းငွေတွေ များနေတာကြောင့် ပုဂ္ဂလိကဘဏ်တွေဘက်က စာရင်းရှင်းတန်း တင်ပြဖို့ အခက်အခဲတွေ ရှိနေတာပါ။ ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မီတီဝင်ဟောင်း ဒေါ်တင်နွယ်ဦးကတော့ - ပုဂ္ဂလိကဘဏ်တွေဟာ ပြင်ပ လုပ်ငန်းရှင်တွေကို အလွန်အကျွန် ငွေချည်းမှုတွေ ရှိနေတဲ့အတွက် ရုတ်တရက် စာရင်းပြဖို့ အခက်အခဲ ရှိနေတာလို့ ပြောပါတယ်။ ဒေါ်တင်ဦးနွယ်ဦးနဲ့ ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က အပိုင်း (၁) အဖြစ်နဲ့ တင်ပြ ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG