သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုနိုင်ငံမှာ ပြင်းအား ၇.၂ ရှိ ငလျင်လှုပ်


ငလျင်လှုပ်ခတ်ပြီးတဲ့နောက် မက္ကဆီကိုနိုင်ငံသားတွေ အဆောက်အအုံတွေနဲ့ဘေးလွတ်ရာ လမ်းတွေပေါ်မှာထွက်နေကြပုံ (ဓါတ်ပုံ-ရိုက်တာ)
ငလျင်လှုပ်ခတ်ပြီးတဲ့နောက် မက္ကဆီကိုနိုင်ငံသားတွေ အဆောက်အအုံတွေနဲ့ဘေးလွတ်ရာ လမ်းတွေပေါ်မှာထွက်နေကြပုံ (ဓါတ်ပုံ-ရိုက်တာ)

မက္ကဆီကိုနိုင်ငံမှာ လှုပ်သွားတဲ့ ငလျှင်ဒဏ်ရဲ့ အပျက်အဆီးတွေကို လိုက်လံကြည့်ရှုဖို့ အစိုးရရှိတွေကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ် သောကြာနေ့က ပျက်ကျလို့ မြေပြင်ပေါ်မှာ ရှိနေသူ ၂ ဦး သေဆုံးသွားရတယ်။ ရဟတ်ယာဉ်ပေါ်မှာ ပြည်ထဲရေးဝန်ကြီး Alfonso Navarrete Prida နဲ့ Oaxaca ပြည်နယ်အုပ်ချုပ်ရေးမှူး Alejandro Murat တို့ လိုက်ပါထားပြီး သူတို့ကတော့ ကြီးကြီးကျယ်ကျယ် ထိခိုက်ဒဏ်ရာမရပါဘူး။

မက္ကဆီကိုင်ငံတောင်ပိုင်းမှာ သောကြာနေ့က လှုပ်သွားတဲ့ ငလျှင်ကြောင့် အနည်းအကျဉ်းထိခိုက် ပျက်ဆီးမှုဖြစ်ပြီး သေကြေဒဏ်ရာရတဲ့ သတင်းတွေတော့ ချက်ချင်းထွက်မလာပါဘူး။ အမေရိကန်ဘူမိဗေဒဌာနရဲ့ တိုင်းတာချက်အရ ငလျှင်ပြင်းအား ၇.၂ ရှိပြီး ငလျှင်ဗဟိုချက်က ပိစိဖိတ်ကမ်းရိုးတန်းနဲ့ Guerrero ပြည်နယ် နယ်စပ်နားက တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့Oaxaca ပြည်နယ် ကျေးလက်ဒေသမှာ ဖြစ်ပါတယ်။

အဲဒီမှာ တချို့အဆောက်အဦးတွေ အပေါ်ယံပျက်ဆီးသွားတယ် လူတသိန်းလောက်အတွက် လျှပ်စစ်ပြတ်တောက်သွားတယ်လို့ Oaxaca ပြည်နယ် အရာရှိတွေက ပြောပါတယ်။ နေအိမ်တွေ ပျက်စီးလို့ နေလို့မရသူတွေအတွက် ကယ်ဆယ်ရေးစခန်းတွေ အစိုးရက ဖွင့်လှစ်ပေးထားပါတယ်။ ငလျှင်က တမိနစ်ကြာလောက်လှုပ်ပြီး Mexico City မြို့တော်က အထပ်မြင့်အဆောက်အဦးတွေ ယိမ်းထိုးသွားခဲ့သလို သက်တမ်းကြာ အဆောက်အဦးတွေရဲ့ နံရံအင်္ဂတွေတွေမှာ ပက်ကြားအက်ရာတွေ ပေါ်ခဲ့ပါတယ်။

အဲဒီ Mexico City နဲ့ Mexico နိုင်ငံတောင်ပိုင်းဒေသဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ အပျက်အစီး တော်တော်ဖြစ်ခဲ့ရတဲ့ ငလျှင်ဒဏ်ကနေပြန်နလံထူဖို့ ကြိုးစားနေရဆဲ အနေအထားမှာ ရှိတာပါ။ ဒါ့ကြောင့် သောကြာနေ့က ငလျှင်လည်းလှုပ်ရော စက်တင်ဘာကလို ဖြစ်မှာစိုးလို့ လူတွေ လမ်းပေါ်ကို ထွက်ပြေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG