သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုငလျင် သေဆုံးသူ ၂၀၀ ကျော်


မက္ကဆီကိုငလျင်အပြီးမြင်ကွင်း
မက္ကဆီကိုငလျင်အပြီးမြင်ကွင်း

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီး မြို့မှာ အင်္ဂါနေ့ နေလည်ပိုင်းက လှုပ်ခဲ့တဲ့ ပြင်းအား ၇.၁ ရှိတဲ့ငလျင်ကြောင့် သေဆုံးသူဦးရေဟာ ပို ပို ပြီး တိုးလာနေပါတယ်။ ငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျပျက်စီးပြီး အပျက်အစီးပုံတွေထဲမှာ ပိတ်မိနေသူ ဘယ်နှစ်ယောက် ရှိနေတယ်ဆိုတာ မသိရသေးသလို၊ လောလောဆယ် သေဆုံးသူဦး အရေအတွက်ကတော့ ၂၁၇ ထက်မနည်း ရှိနေပါတယ်။

မက္ကဆီကိုစီးတီး မှာ သေဆုံးသူ ၈၆ ယောက်၊ Morelos ပြည်နယ်မှာ ၇၁ ယောက်၊ Puebla ပြည်နယ်မှာ ၄၃ ယောက်၊ မက္ကဆီကိုပြည်နယ်မှာ ၁၂ ယောက်၊ Guerrero ပြည်နယ်မှာ ၄ ယောက်နဲ့ Oaxaca မှာ ၁ ယောက် ရှိတဲ့အကြောင်း မက္ကဆီကို အရပ်ဘက် ကာကွယ်ရေး အေဂျင်စီ အကြီးအကဲ Luis Felipe Puente က တွီတာစာမျက်နှာမှာ ဖော်ပြထားပါတယ်။

အစောပိုင်းမှာ သေဆုံးသူ ၂၄၈ ယောက်ရှိတယ်လို့လည်း သူက ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒီအရေအတွက် လျော့ပြီး ပြင်ဆင် ဖော်ပြထားတာ တွေ့ရပါတယ်။ငလျင်ဟာ မက္ကဆီကိုစီးတီး ကနေ အရှေ့တောင်ဘက် ၇၆ မိုင်အကွာ Puebla မြို့မှာ ဗဟိုပြု လှုပ်ခဲ့တာပါ။ မြို့တော်မှာ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သွားတဲ့ အဆောက်အဦး တွေ အများအပြားထဲက တခုဖြစ်တဲ့ စာသင်ကျောင်းတခုကိုတော့ မက္ကဆီကိုသမ္မတ Enrique Pena Nieto သွားရောက် ကြည့်ရှုပါတယ်။

အဲဒီ စာသင်ကျောင်းမှာ လူ ၂၅ ယောက်သေဆုံးခဲ့ရပြီး၊ ၁၁ ယောက်ကိုတော့ ကယ်တင်နိုင်ခဲ့သလို အယောက် ၃၀ ကတော့ ပျောက်ဆုံးနေဆဲပဲလို့ မက္ကဆီကို ပညာရေးဝန်ကြီး Aurelio Nuno က ပြောပါတယ်။ ကမ္ဘာပေါ်က လူဦးရေအထူထပ်ဆုံး မြို့ကြီးတွေထဲမှာ တခု အပါအဝင် ဖြစ်တဲ့ မက္ကဆီကိုစီးတီး မြို့တဝှမ်းမှာ ငလျင်ကြောင့် အကြီးအကျယ် ပျက်စီးမှုတွေနဲ့အတူ လျှပ်စစ်မီးတွေ ပျက်တောက်ပြီး မီးလောင်မှုတွေလည်း ရှိနေတဲ့အကြောင်း ဒေသသတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG