သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူစမ်းသပ်စခန်းပိတ်ပွဲ ကုလစောင့်ကြည့်ဖို့ တောင်ကိုရီးယားလိုလား


 မြောက်ကိုရီးယားရဲ့ နျူကလီယားစမ်းသပ်ဌာနတခု
မြောက်ကိုရီးယားရဲ့ နျူကလီယားစမ်းသပ်ဌာနတခု

Punggye-ri နျူကလီယားစမ်းသပ်ဌာနကို မြောက်ကိုရီးယားအစိုးရ ပိတ်ပစ်တာကို စောင့်ကြည့်ရေးအတွက် တောင်ကိုရီးယား သမ္မတ Moon Jae-in က ကုလသမဂ္ဂဆီက အကူအညီ တောင်းခံဖို့လုပ်နေပါတယ်။

သမ္မတ Moon က ဒီကိစ္စကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ကို တယ်လီဖုံးနဲ့ ဆက်သွယ်ပြောကြားခဲ့ကြောင်း Moon ရဲ့ ပြောခွင့်ရက အင်္ဂါနေ့မှာ ပြောပါတယ်။ ဒီစမ်းသပ်ဌာနကို မေလကုန်လောက်မှာ ပိတ်ပစ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ကတိပေးခဲ့တာပါ။

အခုလို နျူကလီယားစမ်းသပ်စခန်းပိတ်ပစ်တာကို အမေရိကန်နဲ့ တောင်ကိုရီးယားအရာရှိ ကျွမ်းကျင်သူတွေနဲ့ သတင်းသမားတွေ လာရောက် ကြည့်ရှှုနိုင်အောင် ဖိတ်ကြားဖို့ Kim က စီစဉ်နေကြောင်း တောင်ကိုရီးယား အရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒါဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး သံတမန်ရေးတိုးတက်မှု တစိတ်တပိုင်းဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ မကြာသေးခင်ကပဲ တောင်ကိုရီးယားသမ္မတ Moon နဲ့ တွေ့ဆုံခဲ့သလို အမေရိကန်သမ္မတ Donald Trump နဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ကိုရီးယား ၂ နိုင်ငံကြားက စစ်မဲ့ဇုံမှာ တွေ့ဆုံမယ်ဆိုတာဟာ သိပ်ကိုစိတ်လှုပ်ရှားစရာ ကောင်းကြောင်း တနင်္လာနေ့မှာပဲ သမ္မတ Trump က သတင်းထောက်တွေကို ပြောပါတယ်။ စစ်မဲ့ဇုံက Freedom House ခေါ် ငြိမ်းချမ်းရေးဂေဟာမှာ တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း သမ္မတက သူ့တွစ်တာမှာ ရေးခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ခုလို ပြောခဲ့တာပါ။

မြောက်ကိုရီးယားဟာ အရင်ကလည်း နျူကလီယားလက်နက်ဖျက်သိမ်းဖို့ လုပ်မယ်လို့ အလားတူကတိတွေ ပေးခဲ့ပေမယ့် တခါမှ ကတိမတည်ခဲ့ပါဘူး။

နျူစမ်းသပ်စခန်းပိတ်ပွဲ ကုလစောင့်ကြည့်ဖို့ တောင်ကိုရီးယားလိုလား
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG