သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ရေး တောင်ကိုရီးယား ကြိုးပမ်း


အမေရိကန်သမ္မတ- တောင်ကိုရီးယားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့သတင်း- တောင်ကိုရီးယားသတင်းဌာနတွေ ပြသနေစဉ်။
အမေရိကန်သမ္မတ- တောင်ကိုရီးယားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့သတင်း- တောင်ကိုရီးယားသတင်းဌာနတွေ ပြသနေစဉ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်တွေ ဖျက်သိမ်းဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ တွေ့ဆုံမယ့် အစီအစဉ်ကိုဖျက်ဖို့ မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်ပြီး နောက်မှာပဲ ထိပ်သီးတွေ့ဆုံပွဲ ဖြစ်မြောက်ရေး တောင်ကိုရီးယားက ကြိုးပမ်းနေပါတယ်။

အပြန်အလှန် လေးစားမှုတွေနဲ့ ထိပ်သီးဆွေးနွေးပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး တောင်-မြောက် ကိုရီးယားနဲ့ အမေရိကန်တို့ကြား ဆက်သွယ်ရေး နည်းလမ်းပေါင်းစုံနဲ့ အနီးကပ် ညှိနှိုင်းနေကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီက ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

နျူကလီးယား လက်နက်တွေကို တဘက်သတ်ဖျက်သိမ်းဖို့ အမေရိကန်က ဆက်လက်တောင်းဆိုနေမယ်ဆိုရင် မြောက်ကိုရီးယား အနေနဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်ရေး ပြန်လည်စဉ်းစားမယ့်အကြောင်း မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kim Kye Gwan က မနေ့တုန်းက ပြောဆိုလိုက်ပြီးနောက်မှာပဲ ဇွန်လ ၁၂ ရက်နေ့ စင်္ကာပူနိုင်ငံမှာတွေ့မယ့် အစီအစဉ်လည်း မရေမရာ ဖြစ်နေပါတယ်။

သမ္မတ Trump ကတော့ ထိပ်သီးဆွေးနွေးပွဲ စီစဉ်ထားတဲ့အတိုင်း ဖြစ်မဖြစ်ဆိုတာကို အမေရိကန်ကို အကြောင်းကြားတာမျိုး မရှိသေးကြောင်း မနေ့နှောင်းပိုင်းမှာပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဖြစ်လာမယ့် အခြေအနေတွေကို စောင့်ကြည့်ရမှာဖြစ်သလို၊ အချိန်က စကားပြောမှာဖြစ်ကြောင်း အိမ်ဖြူတော်မှာ သမ္မတ Trump ကပြောခဲ့တာပါ။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး မြောက်ကိုရီးယားကို ဆက်လက် တောင်းဆိုသွားမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

သမ္မတအိမ်ဖြူတော် ပြောခွင့်ရ Sarah Huckabee Sanders ကတော့ သမ္မတအနေနဲ့ အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းဖို့ ပြင်ဆင်ထားပေမဲ့ အစီအစဉ် ပျက်ခဲ့မယ်ဆိုရင်တော့ မြောက်ကိုရီးယားအပေါ် အပြင်းထန်ဆုံး စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ပြီး ဖိအားပေးသွားမှာဖြစ်ကြောင်း Fox News သတင်းဌာနကို ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG