သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Kim ထိပ်သီးဆွေးနွေးပွဲအပေါ် အမြင်


မြောက်ကိုရီးယားရဲ့နျူကလီးယားအစီအစဉ်ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုသဘောတူညီမှုတွေမှာမဆို လုံခြုံရေး ဆိုင်ရာအာမခံမှုတွေကတော့ အစိတ်အပိုင်းတခုအနေနဲ့ပါဝင်နေမှာပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောလိုက်ပါတယ်။ သဘောတူညီမှုတွေပျက်ပြားခဲ့မယ်ဆိုရင် မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက်စမ်း သပ်မှုတွေထပ်လုပ်ဖို့အခြေအနေတွေရှိနိုင်သေးတယ်လို့ လေ့လာသူတွေကသုံးသပ်ကြပါတယ်။ ဒီအကြောင်း ကိုကျော် အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတဒေါ်နလ်ထရမ့်တို့ အခုလာမယ့်ဇွန်လ၁၂ရက်နေ့ကျရင် စင်္ကာပူနိုင်ငံမှာတွေ့ဆုံကြတော့မှာပါ။ နျူကလီးယားအစီအစဉ်ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး အမေရိကန်ဘက်ကတောင်း ဆိုတဲ့အတိုင်း သဘောတူညီမှုတွေရလာခဲ့မယ် ဆိုရင် အမေရိကန် အနေနဲ့ သေချာစိတ်ချရအောင်လို့ မြောက်ကိုရီးယား ကို လုံခြုံရေးဆိုင်ရာအာမခံချက်တွေပေးမှာပါ လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeoက တနင်္ဂနွေနေ့က ထုတ်လွှင့်တဲ့ Fox သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

"စိတ်ချသေချာရအောင် ကျနော်တို့ဘက်က လုံခြုံရေးအာမခံချက်တွေကိုပေးမှာပါ။ အခုလိုမျိုးတဘက်နဲ့တဘက် အပြန် အလှန် ညီညီမျှမျှဆက်ဆံမှုမျိုးမရှိခဲ့တာ ၂၅နှစ်ရှိခဲ့ပါပြီ။ မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာ အောင် ဘယ်သမ္မတကမှ လုပ်ခဲ့တာမရှိပါဘူး။ အမေရိကန်အနေနဲ့ အခုကိစ္စကို တကယ်ပဲလုပ်ဆောင်နိုင်မှာပါ။ မြောက်ကို ရီးယားအစိုးရနဲ့ဆက်ဆံရေးကို အမေရိကန်ဘက်က ဆက်ပြီးတွန့်ဆုတ်နေဖို့မလိုတော့တဲ့အခြေအနေမျိုး ရောက်လာပါ လိမ့်မယ်။ ဒီလိုရည်ရွယ်ချက်တွေနဲ့လုပ်ဆောင်နေတာပါ။"

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Pompeoရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ကိုရီးယားကျွန်းဆွယ်မှာရေရှည် ငြိမ်းချမ်းရေးရ အောင်နဲ့တည်ငြိမ်မှုတွေဖြစ်လာအောင်ဖန်တီးတဲ့မယ့်ကမ်းလှမ်းမှုတွေအတွက် တရုတ်နိုင်ငံအနေနဲ့အားပေးတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကပဲပြောပါတယ်။ အမေရိကန်က ကာကွယ်ရေးဆိုင်ရာလေ့လာသုံးသပ်သူ တဦးဖြစ်တဲ့ Bruce Bennettကတော့ အမေရိကန်နဲ့မြောက်ကိုရီးယား၂ဘက်ညှိနှိုင်းမှုတွေ အဆင်မပြေခဲ့ရင် နျူးကလီးယားစမ်းသပ်မှု တွေကို မြောက်ကိုရီးယားဘက်ကဆက်ပြီးလုပ်လာနိုင်ချေရှိတဲ့အကြောင်း ဗွီအိုအေကိုပြောပါတယ်။

"ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက နျူကလီးယားစမ်းသပ်မှု၆ကြိမ်မြောက်ကိုရီးယားဘက်က လုပ်ခဲ့ပါတယ်။ အဲဒီမှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ သက်သေတွေအများကြီးရှိပါတယ်။ သူတို့ဆီမှာ နျူကလီးယားစမ်းသပ်မှုတွေထပ်ပြီးလုပ်လို့ ရနိုင်လောက်တဲ့ လှိုင်ခေါင်းတွေတချို့ရှိနေပါသေးတယ်။ အမေရိကန်နဲ့သဘောတူညီမှုတွေ ပျက်ပြားခဲ့ရင်သူတို့ဘက်က နျူကလီးယားစမ်းသပ်မှုတွေလုပ်မယ်ဆို လုပ်လာနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ရထားတဲ့သဘောတူညီချက်တွေအတိုင်း ဖြစ်ရအောင် စမ်းသပ်မှုတွေမလုပ်ပဲနေလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။"

ဇွန်လ ၁၂ရက်နေ့ကြရင် စင်္ကာပူနိုင်ငံမှာ အမေရိကန်နဲ့မြောက်ကိုရီးယားခေါင်းဆောင်၂ဦးတွေ့ဆုံကြမယ့်ကိစ္စအတွက် သံတမန်တွေတည်းခိုနိုင်အောင် စင်္ကာပူနိုင်ငံကတော့ ပြင်ဆင်မှုတွေကို အပီအပြင်လုပ်နေပါပြီ။ လေ့လာသုံးသပ်သူ Bruce Bennettကတော့ အခုလိုထိပ်သီးတွေ့ဆုံပွဲအတွက် စင်္ကာပူကိုရွေးတာ မှန်တယ်လို့ယူဆပါတယ်။

"စင်္ကာပူကိုရွေးလိုက်တာ မှန်တယ်လို့ ကျနော်ထင်ပါတယ်။ သမ္မတထရမ့်က ပြုံယန်းကိုသွားမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ အာရှမှာက အားနည်းတဲ့ခေါင်းဆောင်က အားကြီးတဲ့ခေါင်းဆောင်ဆီကိုသွားလေ့ရှိပါတယ်။ ဒီလိုပုံရိပ်မျိုးကို သမ္မတထရမ့် ကဖန်တီးချင်မှာမဟုတ်ပါဘူး။ တရုတ်ဒါမှမဟုတ် တောင်ကိုရီးယားနိုင်ငံကိုလည်း သမ္မတထရမ့်က သွားချင်မှာမဟုတ်ပါ ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီနိုင်ငံတွေက ခေါင်းဆောင်တွေရဲ့အရိပ်ထိုးလွှမ်းမိုးမှုတွေကရှိနိုင်ပါတယ်။ ဥရောပကို လည်း သွားမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကင်ဂျုံအွန်းက ဥရောပအတွက်ယုံကြည်ရလောက်အောင်လုပ် ဆောင်တာမျိုးတွေရှိခဲ့တာ မဟုတ်ပါဘူး။ ဆိုတော့ အာရှထဲက ဘက်လိုက်မှုမရှိတဲ့နိုင်ငံတခုကိုရွေးတဲ့အခါ စင်္ကာပူက တော့ တကယ်မှန်တဲ့ရွေးချယ်မှုပါပဲ။"

မြောက်ကိုရီးယားဘက်ကသာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအစီအစဉ်ကို အပြည့်အဝသဘောတူမယ်ဆိုရင် လုံခြုံရေးကိစ္စသာမက ကုန်သွယ်ရေးနဲ့ရင်းနှီးမြုပ်နှံမှုကိစ္စတွေကိုပါ မြောက်ကိုရီးယားနဲ့အမြန်ဆုံးလုပ်ဆောင်ဖို့ အမေရိ ကန်ဘက်ကပြင်ဆင်ထားတယ်လို့လည်း အိမ်ဖြူတော်ရဲ့အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ John Boltonက ABC သတင်း ဌာနကို ပြောထားတာရှိပါတယ်။ နျူကလီးယားအစီအစဉ်ဖျက်သိမ်းရေးက မြောက်ကိုရီးယားအစိုးရပေါ်မှာမူ တည်တယ်၊ ပုံမှန်နိုင်ငံတခုဖြစ်လာအောင်မြောက်ကိုရီးယားဘက်က ဘယ်လောက်မြန်မြန်လုပ်ချင်သလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်လို့လည်း John Boltonကပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG