သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင်နဲ့တရုတ်သမ္မတ ထပ်မံ တွေ့ဆုံ


တရုတ် သမ္မတ ရှိကျင်းပင်နဲ့ ဒီကနေ့ အင်္ဂါနေ့ တယ်လီဖုန်း ဆက်သွယ် ပြောဆိုဖို့ စီစဉ်ထား ဆွေးနွေးမယ့်အထဲ မြောက်ကိုရီးယား အရေး၊ ကုန်သွယ်ရေး ကိစ္စတွေလည်း ပါဝင်မယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။

ဦးစားပေး ဆွေးနွေးမယ့် အကြောင်းအရာတွေကတော့ တိုးတက်မှုတွေ ရှိလာမယ့် ကုန်သွယ်ရေး ကိစ္စ၊ ယုံကြည်မှုနဲ့ ဆက်ဆံရေး တည်ဆောက်နေတဲ့ မြောက်ကိုရီးယားအရေး တို့ ဖြစ်တယ်လို့ သမ္မတ Trump က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တရုတ် သမ္မတ ရှီကျင်းပင်တို့ တနလာၤနဲ့ အင်္ဂါ နှစ်ရက်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း လွတ်လပ်တဲ့ သတင်းရင်းမြစ် နှစ်ခုကို ကိုးကားပြီး South China Mornign Post မှာ ဖော်ပြပြီး နာရီပိုင်း အတွင်းမှာဘဲ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင် နှစ်ဦးကြား တယ်လီဖုန်း ဆက်သွယ် ဆွေးနွေးဖို့ ဖြစ်လာတာပါ။

မြောက်ကိုရီးယား နဲ့ တရုတ် ခေါင်းဆောင်တို့ကတော့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဆိပ်ကမ်းမြို့ Dalian မှာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း South China Morning Post မှာ ဖော်ပြပါတယ်။ တရုတ်မြေပေါ်မှာ တည်ဆောက်ခဲ့တဲ့ ပထမဆုံး လေယာဉ်တင်သဘောၤ ပထမဆုံး ရေချ စမ်းသပ်တာကို တက်ရောက်ဖို့ တရုတ် သမ္မတ Xi က Dalian ကို ရောက်ရှိနေစဉ်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်နဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့တာလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန် သမ္မတ Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်တို့ အခု မေလ ဒါမှမဟုတ် ဇွန်လ အစောပိုင်းမှာ တွေ့ဆုံဆွေးနွေးမယ်လို့ ခန့်မှန်းထားရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG