သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လက်နက်ဖျက်သိမ်းရင် လုံခြုံရေး ကန်အာမခံမည်


မြောက်ကိုရီးယားနိုင်ငံက Nuclear လက်နက်ဖျက်သိမ်းရေးကို အပြည့်အဝသဘောတူမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယား အစိုးရအတွက် လုံခြုံရေးအာမခံချက်ပေးဖို့ပြင်ဆင်ထားသလို အမေရိကန်ပုဂ္ဂလိကကုမ္ပဏီကို မဟာဓါတ်အားပေးလိုင်းဆောက်ဖို့ ခွင့်ပြုမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောကြားခဲ့ပါတယ်။

သမ္မတ Donald Trump တက်မလာခင်က အမေရိကန်ဖက်က ဒီလိုလက်တွေ့ဖြစ်အောင် လုပ်လိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်တွေဖက်က ထင်မထားခဲ့ဘူးလို့ Fox သတင်းဌာနနဲ့ မေးမြန်းခန်းမှာ နိုင်ငံခြားရေးဝန်ကြီး Pompeo ကပြောကြားခဲ့ပါတယ်။

ပြုံယမ်းမြို့တော်မှာ Kim Jong Un နဲ့ ၂ ကြိမ်တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်ပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို Kim ကနားလည်တယ်လို့ သူ့အနေနဲ့ လက်ခံကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ June လ ၁၂ရက်နေ့ကျရင် သမ္မတ Trump နဲ့ Kim တို့ Singapore မှာတွေ့ဆုံကြရင် Nuclear ကင်းစင်ပပျောက်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အာမခံချက်တွေကို ညှိနှိုင်းပြီး အပြီးသတ်သဘောတူနိုင်ဖို့ အဓိကဆွေးနွေးကြမှာဖြစ်တယ်လို့ Mike Pompeo က Fox သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG