သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ဆန္ဒပြပွဲတွေနဲ့ သမ္မတ ပူတင်အပေါ် အမြင် သဘောထား


ရုရှား ဆန္ဒပြပွဲတွေနဲ့ သမ္မတ ပူတင်အပေါ် အမြင် သဘောထား
please wait

No media source currently available

0:00 0:03:19 0:00
တိုက်ရိုက် လင့်ခ်

ရုရှားနိုင်ငံမှာ ပင်စင်ယူနိုင်တဲ့ အသက်အရွယ်ကို အမျိုးသမီးတွေအတွက် အသက် ၅၅ နှစ်ကနေ ၆၃ နှစ်နဲ့၊ အမျိုးသားတွေကိုတော့အသက် ၆၀ ကနေ ၆၅ နှစ်အထိ တိုးမြှင့်ဖို့အစိုးရက စီစဉ်နေတာကို လက်မခံကြတဲ့ပြည်သူတွေထောင်နဲ့ချီ တနင်္ဂနွေနေ့က ရုရှားမြို့ကြီးတွေမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အဆိုအရ ရုရှားအမျိုးသားတွေရဲ့ သက်တမ်းဟာ ၆၆ နှစ်ကနေ ၇၇ နှစ် ကြားမှာသာ ရှိတာကြောင့် ခုလို ပင်စင်အသက်အရွယ် တိုးမြှင့်မယ်ဆိုရင် အမျိုးသားတချို့အနေနဲ့ သေတဲ့အထိ အလုပ်လုပ်ရမယ့် အခြေအနေပါ။ ဒီလိုအခြေအနေတွေကြောင့်ပဲ ရုရှားပြည်သူတွေကြားမှာ သမ္မတ Vladimir Putin ကို စိတ်ပျက်လာသူတွေ တိုးလာနေသလို၊ မစ္စတာ ပူတင်ရဲ့ ဦးဆောင်မှုကြောင့် ရုရှားနိုင်ငံ ပိုပြီး ခိုင်မာအားကောင်းလာတာလို့ ယူဆနေကြသူတွေလည်း ရှိနေတာပါ။ ဗွီအိုအေ သတင်းထောက် Zlatica Hoke ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

XS
SM
MD
LG