သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့ ရုရှားဆက်ဆံရေး ကန်လွှတ်တော်အမတ်တွေဝေဖန်


အမေရိကန်နဲ့ ရုရှားသမ္မတတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအပေါ် အမေရိကန်လွှတ်တော်အမတ်တွေအပါအ၀င် အတော်များများက ရှုထောင့်မျိုးစုံကနေ တုံ့ပြန်ခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ Donald Trump ဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် ရုရှားတွေဟာ ကြားဝင်နှောက်ယှက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေကို ဆန့်ကျင်ပြီး ရုရှားသမ္မတ ပူတင်နဲ့ အတူရပ်တည်ပြောဆိုခဲ့တယ်လို့ ဝေဖန်သူတွေက စွပ်စွဲထားတာပါ။ ဒီကိစ္စနဲ့ ပတ်သတ်လို့ ကွန်ဂရက်စ်လွှတ်တော်က ရီပတ်ဘလစ်ကန်အမတ် တချို့ကလွဲလို့ တခြားRepublican အမတ် တော်တော်များများက သမ္မတအပေါ် တိုက်ရိုက်မဝေဖန်သလို ရုရှားတွေရဲ့ ကြားဝင်နှောက်ယှက်မှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှုးရဲ့ ဆောင်ရွက်ချက်တွေကို ဆန့်ကျင်တဲ့ သမ္မတရဲ့ ရပ်တည်ချက်အတိုင်း သူနဲ့အတူ ခုခံကာကွယ်ခဲ့ပါတယ်။ VOA သတင်းတေထာက် Zlatica Hoke ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။

အမေရိကန်နဲ့ ရုရှားသမ္မတတို့ရဲ့ တနင်္လာနေ့က ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သတ်ပြီး သမ္မတ ၂ ဦးလုံးက အကောင်းမြင်ပြောဆိုကြပါတယ်။ ဒီလို ဆွေးနွေးပွဲမျိုး ရှိသင့်ခဲ့တာ ကြာပြီလို့ သမ္မတ Donald Trump က ပြောဆိုလိုက်တဲ့တချိန်တည်းမှာ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားတွေ ကြားဝင်နှောက်ယှက်ခဲ့တယ်ဆိုတာနဲ့ ပတ်သတ်လို့ ရုရှားမှာရော အမေရိကန်မှာပါ တာဝန်ရှိတယ်လို့ ပြစ်တင်ပြောကြားလိုက်ပါတယ်။ အထူးသဖြင့်တော့ ဒီမိုကရက်တွေကို အပြစ်ဖို့ချင်တာပါ။ ဒီမိုကရက်ခေါင်းဆောင် အထက်လွှတ်တော်အမတ် Chuck Schumer က

"အမေရိကန်သမ္မအနေနဲ့ ရုရှားသမ္မတနဲ့ အတူရပ်တည်ပြီး အမေရိကန်တရားရေးဌာန၊ ကာကွယ်ရေးဌာနနဲ့ ထောက်လှမ်းရေးအေးဂျင်စီတွေရဲ့ ဆောင်ရွက်ချက်တွေ၊ ဆုံးဖြတ်ချက်တွေအပေါ် ပုတ်ခတ်ဝေဖန်တာဟာ အဆင်အခြင်မဲ့လုပ်ရပ်ဖြစ်သလို အန္တရယ်လည်းရှိပြီး အဓိပ္ပါယ်လည်း မရှိပါဘူး။"

ထရမ့်အနေနဲ့ ရပ်တည်ချက် ခိုင်ခိုင်မာမာရှိတယ်ဆိုတာ ပြသဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း အကဲခတ်တွေက ထောက်ပြပါတယ်။ နိုင်ငံတကာလေ့လာရေးနဲ့ မဟာဗျူဟာစင်တာက Jeffrey Rathke က

"သမ္မတဟာ Vladimir Putin အပေါ် ရိုသေကျိုးနွံပြီး တွန့်ဆုတ်နေပါတယ်။ အမေရိကန်တွေအတွက် နှစ်ပေါင်းများစွာ အခက်တွေ့စေခဲ့တဲ့ ရုရှားရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာက ဆောင်ရွက်ချက်တွေနဲ့ ပါတ်သတ်ပြီး သူဟာ ထောက်ပြ ဆန့်ကျင်တာမျိုးမလုပ်ခဲ့ပါဘူး။"

ဒါပေမယ့်လည်း တချို့ကလွဲလို့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်အများစုဟာ ထရမ့်အပေါ် တိုက်ရိုက် ပြစ်တင်ဝေဖန်တာမျိုး မရှိသလို ရုရှားအရေးစုံစမ်းစစ်ဆေးမှုအပေါ် ပုတ်ခတ်ဆန့်ကျင်တဲ့ ထရမ့်ရဲ့ရပ်တည်ချက်အတိုင်း ခုခံကာကွယ်ကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Republican လွှတ်တော်အမတ် Darrell Issa က

"စုံစမ်းစစ်ဆေးမှုအဆုံးသတ်ပြီး အတည်ပြုနိုင်တဲ့အချိန်အထိ သံသယနဲ့ ချဉ်းကပ်တာမျိုးဟာ ကြိုးကြောင်းဆီလျော်ပါတယ်။ ဆိုတော့ ကျနော် ထပ်ပြောရရင် ပူတင်ဟာ အတိတ်က ဆိုးရွားလှတဲ့ အင်ပါယာဟောင်းရဲ့ တစိတ်တပိုင်းဖြစ်သလို ဆက်ဆံနေရမယ့်သူမျိုးလည်းဖြစ်ပြီး သူ့ရဲ့ ရပ်တည်ချက်အတိုင်း မပြောင်းလဲခဲ့သူပါ။"

ဒါပေမယ့်လည်း ရီပတ်ဘလစ်ကန်ပါတီတွင်း သြဇာကြီးမားတဲ့ အထက်လွှတ်တော်အမတ် John McCain ကတော့ ပူတင်နဲ့ အတူ ရပ်တည်ပြောဆိုနေတာဟာ တုန်လှုပ်စရာ အမှားကြီးတခုဖြစ်တယ်လို့ ဆိုပါတယ်။ ခုချိန်မှာ ကျန်းမာရေးမကောင်းတဲ့ အရီဇိုးနားပြည်နယ်က Mr McCain က ထရမ့်ရဲ့ လုပ်ရပ်ဟာ အာဏာရှင်တဦးကို ထောက်ခံဖို့ ပြောင်ရွေးချယ်လိုက်တာဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ထရမ့်ဟာ ဘယ်လဂျီယံမှာကျင်းပတဲ့ NATO မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ရဲ့ အစည်းအဝေးရော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအပေါ် ပြစ်တင်ဝေဖန်ပေမယ့်လည်းပဲ ရုရှားအပေါ်မှာတော့ သက်သက်ညှာညှာဆက်ဆံနေတာပါ။ အောက်လွှတ်တော် ဒီမိုကရက်အမတ် Eric Swalwell က

"သူဟာ NATO မဟာမိတ်တွေကို ခြိမ်းခြောက်စော်ကားပါတယ်။ ဒါ့အပြင် ဗြိတိန်ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ၀င်စွက်သလို ရုရှားနဲ့လည်း အတူရပ်တည်ခဲ့ပါတယ်။"

ဆိုဗီယက်ပြည်ထောင်စုဟောင်းတုန်းက ထောက်လှမ်းရေးတဦးဖြစ်ခဲ့တဲ့ ရုရှားသမ္မတ Vladimir Putin ရဲ့ အန္တရယ်ကို ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ကြဖို့ကို တချို့လွှတ်တော်အမတ်တွေက လိုလားနေတာပါ။ ဒီမိုကရက် အထက်လွှတ်တော်အမတ် Bill Nelson က

"ပူတင်ရဲ့ ရန်ကို ကာကွယ်ဖို့ ပါတီကြိး ၂ ရပ်လုံးအနေနဲ့ အတူတကွလက်တွဲဆောင်ရွက်ရမယ့် နည်းလမ်းကို မကြာခင်ရှာတွေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

ရုရှား သတင်းမီဒီယာတွေမှာတော့ ဖန်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့ကဆွေးနွေးပွဲ အောင်မြင်တယ်လို့ သမ္မတပူတင်က ပြောဆိုကြောင်း ဖေါ်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်


အမေရိကန် သမ္မတ ထရမ့်အပေါ်တုံ့ပြန်မှုများ
please wait

No media source currently available

0:00 0:02:35 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG