သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတကိုအရေးပေးမှု Trump ဝေဖန်ခံရ


Finland နိုင်ငံရဲ့မြို့တော် Helsinki မှာ ရုရှားသမ္မတ Vladimir Putin နဲ့ အမေရိကန်သမ္မတ Trump တို့တွေ့ဆုံတဲ့အချိန်မှာ အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ရမှာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်တွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ သမ္မတ Putin ကငြင်းဆိုခဲ့ပြီး သမ္မတTrump ကလည်းပြောဆို ထောက်ခံခဲ့ပါတယ်။ အဲဒါကြောင့် ဝါရင့်လွတ်တော်အမတ်တွေက ပြင်းပြင်းထန်ထန်ဝန်ခံခဲ့ကြပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးပါမယ်။

အမေရိကန်သမ္မတ Trumpနဲ့ ရုရှားသမ္မတ Vladimir Putin က မနက်ပိုင်းဆွေးနွေးခဲ့ကြရမှာ ပထမ ၂ ယောက်ခြင်းတွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ တိုးချဲ့ပြီး အမှုထမ်းတွေပါဝင်တဲ့ ဆွေးနွေးပွဲကို ကျင်းပပြီးတဲ့နောက် သူတို့ ၂ ဦးရဲ့ ဆွေးနွေးမှုအကြောင်းအရာနဲ့ ပတ်သက်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ သူတို့မိန့်ခွန်းတွေမှာ ခေါင်းဆောင် ၂ ယောက်တို့က ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို စွပ်စွဲမှုတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။ ရုရှားသမ္မတ Vladimir Putinက ဒီစွပ်စွဲချက်ကို စကားပြန်ကတဆင့် ငြင်းဆိုခဲ့ပါတယ်။

“ရွေးကောက်ပွဲတုန်းက ရုရှားရဲ့ ကြားဝင် ဝင်ရောက်စွက်ဖက်မှုတွေကို သမ္မတTrump ကပြောခဲ့ပါတယ်။ ကျနော့် ဘက်ကလည်း တုံ့ပြန်ခဲ့ပါတယ်။ ရုရှားအနေနဲ့ ဘယ်တုန်းကမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ဘူးဆိုတာကိုကျနော်ထပ်ခါတလဲလဲပြောခဲ့ပါတယ်။ အမေရိကန်ရွေးကောက်ပွဲအပါအဝင် ပြည်တွင်းအမေရိကန်ကိစ္စတွေမှာ နောင်မှာ ရုရှားအနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့လည်းမရှိပါဘူး။”

အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေက ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ ခြုံငုံသုံးသပ်ချက် ချခဲ့ပါတယ်။ ဒါကြောင့်လည်း Trump ကို ဘယ်သူ့ကို ယုံမယ်၊ ကိုယ့် အမေရိကန်ထောက်လှမ်းရေးဌာနတွေကိုလည်း ဒါမှမဟုတ် Putinကိုလားလို့မေးရာမှာ သူက တိုက်ရိုက် ဖြေကြားခြင်းမရှိပဲ ရှောင်ပြီး ဖြေကြားခဲ့ပါတယ်။

“သမ္မတPutin က ရုရှားအနေနဲ့ ဝင်ရောက်စွက်ဖက်ခြင်းမရှိပါဘူးလို့ အခုပဲ ပြောခဲ့ပြီးဖြစ်ပါတယ်။ ကျနော်လည်းပြောလိုတာက ကျနော့်အနေနဲ့ စွက်ဖက်ခြင်းရှိခဲ့တဲ့အကြောင်းကို ရှာမတွေ့ခဲ့ပါဘူး။ ကျနော်တို့နိုင်ငံရဲ့ ထောက်လှမ်းရေးဝန်ထမ်းတွေအပေါ် ကျနော်သိပ်ကိုယုံကြည်အားကိုးပါတယ်။ ဒါပေမယ့် ကျနော်ပြောလိုတာက သမ္မတပူတင် ငြင်းချက်ထုတ်ရာမှာ သိပ်ကိုခိုင်မာတဲ့အပြင် အချက်အလက်တွေကလည်း အားကောင်းလှပါတယ်။”

အထူးအကြံပေး ပုဂ္ဂိုလ်Robert Mueller ဦးဆောင်တဲ့ ၁၄ လကြာ စစ်ဆေးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရုရှားကြားဝင် စွက်ဖက်မှုကို Trump က ထပ်မှန် ရှုံ့ချလိုက်ပြီး ဒါဟာ နိုင်ငံအတွက် ဂုဏ်သိက္ခာကျဆင်းစေတယ်လို့ ပြောခဲ့ပါတယ် အခုလို သမ္မတ Trump က အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေကို ပြစ်တင်ရှုံ့ချပြီး သမ္မတ ပူတင် ငြင်းဆိုချက်ကိုတော့ ထောက်ခံပြောဆိုခဲ့တဲ့အတွက်ကြောင့် ဝါရင့် Republican အထက်လွှတ်တော်အမတ် John MCcain က Helsinki သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတ တဦးအနေနဲ့ သိက္ခာအကျဆုံးလုပ်ရက်ဖြစ်တယ်လို့ ပြောခဲ့သလို အထက်လွှတ်တော် Republican လွှတ်တော်အမတ် အများစုခေါင်းဆောင် Paul Ryan ကလည်း ရွေးကောက်ပွဲမှာ ရုရှားအနေနဲ့ ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတာကို သံဿယရှိစရာမလိုတဲ့အကြောင်းနဲ့ ဒါက အမေရိကန်နဲ့ ကမ္ဘာတဝှမ်းမှာ ဒီမိုကရေစီကို ထိခိုက်စေအောင် ရုရှားကြိုးပမ်းမှုဖြစ်တယ်လို့ ပြောခဲ့ပါတယ် ။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ Republican အထက်လွှတ်တော်အမတ် Bob corker ကတော့ Trump ရဲ့ ပြောဆိုမှုတွေကြောင့် စိတ်ပျက်မိတယ်လို့ အခုလိုပြောပါတယ်။

“ရုရှားနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားပါတယ်။ ဒါကို လူတိုင်းကပဲ မြင်စေချင်ကြပါတယ်။ ဒါပေမယ့် အထူးသဖြင့် သတင်းစာရှင်းလင်းပွဲအပြီး သမ္မတ Trump ရဲ့ ပြောခဲ့တဲ့စကားတွေကြောင့် စိတ်ပျက်မိပါတယ်။ ပူတင်နဲ့ ဆက်ဆံဖူးသူတိုင်း သိထားကြတာကတော့ သူ့ကို အင်အားပြနိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတပြောဆိုချက်ဟာ အမေရိကန်နိုင်ငံကို လွယ်လွယ်နဲ့ အနိုင်ကျင့်ခံရမယ့်နိုင်ငံအဖြစ်ရောက်စေခဲ့ပါတယ်။ ဒါကြောင့်လည်း သိပ်ကိုစိတ်ပျက်ရပါတယ်။ အထူးသဖြင့် သမ္မတအတွက် လုပ်ကိုင်ပေးနေတဲ့ နိုင်ငံ့ရဲ့ ထောက်လှမ်းရေးဌာနတွေကို သမ္မတက ကာကွယ်ပေးရမယ့်အစား ဝေဖန်ခဲ့တာဟာ သိပ်ကို စိတ်ပျက်စရာကောင်းပါတယ်။ သူက ပူတင်ပြောတာတွေကို ထောက်ခံခဲ့တဲ့အတွက်ကြောင့် သိပ်ကိုစိတ်ပျက်ရပါတယ်။”

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီရဲ့ ကွန်ပြူတာတွေကို ဝင်ရောက်ထိုးဖောက်မှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က စွဲချက်တင်ခံခဲ့ရတဲ့ ရုရှား စစ်ထောက်လှမ်းရေးအရာရှိ ၁၂ ဦးတို့ စစ်ဆေးရာမှာ အမေရိကန်ပြည်ထောင်စုကို ကူညီဖို့ ရုရှားအစိုးရအရာရှိတွေကို စေလွှတ်မယ်လို့ ပူတင်က ကမ်းလှမ်းခဲ့တဲ့အကြောင်း Trump ကပြောပါတယ်။ ဒါဟာ သိပ်ကောင်းတဲ့ ကမ်းလှမ်းချက်လို့ သူက ဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG