သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်နဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်ကြိုးပမ်း


အာဖဂန်နစ္စတန်က ၁၇ နှစ်ကြာ စစ်ပွဲကို အဆုံးသတ်နိုင်ရေး ရည်ရွယ်ပြီး စစ်သွေးကြွ အုပ်စုနဲ့ စတင် ညှိနှိုင်းနိုင်ရေး အတွက် တာဘီဘန်နဲ့ တိုက်ရိုက် ဆွေးနွေးရေး ကြိုးပမ်းဖို့ အမေရိကန် သမ္မတ Donald Trump က ထိပ်တန်း သံတမန်တွေကို ညွှန်ကြားထားကြောင်း အမေရိကန် ထိပ်တန်း သတင်းစာကြီး တစောင်က ဖော်ပြလိုက်ပါတယ်။

ဒီဆောင်ရွက်ချက်ဟာဆိုရင် အာဖဂန်ဆိုင်ရာ အမေရိကန် မူဝါဒမှာ ထူးခြားတဲ့ အပြောင်းအလဲ ဖြစ်တယ်လို့ The New York Times သတင်းစာက မနေ့ တနင်္ဂနွေနေ့မှာ ဖော်ပြလိုက်တာပါ။ အမေရိကန် အကြီးတန်း အရာရှိတချို့နဲ့ အာဖဂန် တာဝန်ရှိသူတွေက အတည်ပြုတယ်လို့လည်း သတင်းစာက ဖော်ပြပါတယ်။

အမေရိကန် အကြီးတန်း အရာရှိတွေလည်း အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့မှာ လတ်တလော ရှိနေကြပြီး တိုက်ရိုက် ဆွေးနွေးပွဲတွေ ပြင်ဆင်နိုင်ဖို့ အတွက် နှစ်နိုင်ငံ စလုံးက အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးနေကြတယ်လို့လည်း သတင်းစာက ဖော်ပြပါတယ်။

စစ်ပွဲတွေ ငြိမ်းအေးသွားစေရေး သဘောတူညီချက် တခုထွက်လာဖို့နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ဒီလမ်းကြောင်း တခုဘဲ ရှိတယ်ဆိုတဲ့ အယူအဆက အမေရိကန်နဲ့ အာဖဂန် တာဝန်ရှိသူတွေကြားမှာ ပိုပြီး ကြီးထွားလာနေတာက အမေရိကန်တို့ စေ့စပ်ဆွေးနွေးမှုတွေမှာ ပိုပြီး ထိတွေ့ပါဝင်လာဖို့ ဖြစ်လာတာလို့လည်း သတင်းစာက ဖော်ပြပါတယ်။ တာလီဘန်တို့ဘက်ကတော့ အာဖဂန် အစိုးရဟာ အနောက် နိုင်ငံတွေရဲ့ ရုပ်သေးအဖြစ် ပြောဆိုပြီး အမေရိကန်နဲ့ NATO မဟာမိတ်တွေဘက်က တိုက်ခိုက်မှု ရပ်မှသာ ဆွေးနွေးမယ်လို့ အကြိမ်ကြိမ် ပြောဆိုနေတာပါ။

တာလီဘန်နဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်ကြိုးပမ်း
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG