တပ်ချုပ်ကို စုံစမ်းအရေးယူဖို့ ကုလစုံစမ်းရေးမှူးတွေတိုက်တွန်း
မြန်မာနိုင်ငံ တိုင်းရင်းသားနယ်စပ်ဒေသမှာ မကြာခင်ကဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ စစ်ဘက်အကြီးအကဲအချို့ကို နိုင်ငံတကာဥပဒေတွေနဲ့ အညီ စုံစမ်းစစ်ဆေး အရေးယူဖို့ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေတွေနဲ့ ပြည်တွင်းအခြေအနေအရ ဒီစစ်ခေါင်းဆောင်တွေဟာ ကျူးလွန်မှုတွေအပေါ် ကင်းလွတ်ခွင့်ရနေတာကြောင့်၊ နိုင်ငံတကာဥပဒေတွေနဲ့အညီ ICC နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး ဒါမှမဟုတ် နိုင်ငံတကာခုံရုံးတခု သီးခြားဖွဲ့ပြီး စုံစမ်းအရေးယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အကြံပြုထားပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့က ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ကိုသားညွန့်ဦး တင်ဆက်ပေးပါမယ်။
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၂၈ စက်တင်ဘာ၊ ၂၀၂၃
မြန်မာခရီးသွားလုပ်ငန်းအပေါ် လုပ်ငန်းရှင်တွေ့ရဲ့အမြင်
-
၂၇ စက်တင်ဘာ၊ ၂၀၂၃
ရုရှား၊ မြန်မာ ဆက်ဆံရေးရဲ့ သက်ရောက်မှုများ
-
၂၆ စက်တင်ဘာ၊ ၂၀၂၃
စိုးမိုးနယ်မြေတွေကိုတိုက်ခိုက်လို့ ခုခံတာလို့ TNLA နဲ့ KNDF ပြောဆို
-
၂၆ စက်တင်ဘာ၊ ၂၀၂၃
ရွှေပြောင်းလုပ်သားတွေအတွက် ထိုင်းရဲ့ တီဘီစစ်ဆေးမှုအစီအစဉ်
-
၂၅ စက်တင်ဘာ၊ ၂၀၂၃
ပြည်ပကလာတဲ့ စီးပွားရေး လုပ်ငန်းတွေ ထိုင်း စစ်ဆေး
-
၂၅ စက်တင်ဘာ၊ ၂၀၂၃
ကုလ အထွေထွေညီလာခံနဲ့ မြန်မာ့အရေး