သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီရှေ့မှောက် အီရန်ကို သမ္မတ Trump ဝေဖန်


လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း အခြားခေါင်းဆောင်များနှင့် အတူတွေ့ရသည့် သမ္မတထရမ့်ပ်။ စက်တင်ဘာလ ၂၆၊ ၂၀၁၈။
လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း အခြားခေါင်းဆောင်များနှင့် အတူတွေ့ရသည့် သမ္မတထရမ့်ပ်။ စက်တင်ဘာလ ၂၆၊ ၂၀၁၈။

အမေရိကန်သမ္မတ Donald Trump ဟာ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ လက်နက်မပြန့်ပွားအောင် ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အဓိကထား ပြောဆိုခဲ့ရာမှာ အီရန်ကိုပဲ ဝေဖန်ပြီး ပြောဆိုခဲ့ပါတယ်။

အီရန်ဟာ အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့ ဦးဆောင်နိုင်ငံဖြစ်ကြောင်း ပြောခဲ့သလို JCPOA လို့ခေါ်တဲ့ ၂၀၁၅ အီရန် နျူကလီယားလက်နက် ဖျက်သိမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့နောက်ပိုင်းမှာ အီရန်ရဲ့ ရန်လိုမှုတွေဟာ တိုးပြီး လာနေတယ်လို့ ပြောပါတယ်။ Trump အစိုးရအဖွဲ့ကတော့ ဒီနှစ်အစောပိုင်းမှာပဲ ဒီ အီရန်နဲ့ ချုပ်ဆိုတဲ့ နျူကလီယားဆိုင်ရာ သဘောတူစာချုပ်ကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

JCPOA သဘောတူစာချုပ်ကိုသူ့အရင် အမေရိကန်သမ္မတဟောင်း Barack Obama လက်ထက်က ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒါဟာ အီရန်အတွက် အကျိုးရှိစေမယ့် တဖက်သတ် ဆိုးဝါးတဲ့ စာချုပ်ဖြစ်ကြောင်း သမ္မတ Trump က ထပ်တလဲလဲ ပြောဆိုနေတာ ဖြစ်ပါတယ်။

အီရန်က ငွေလိုနေတာဖြစ်ပြီး ကိုယ့်ဘက်က ဒါကို ပေးခဲ့ကြောင်းနဲ့ ဒီလိုရာဇဝင်ရှိတဲ့ အီရန်အာဏာရှင်ကို နျူကလီယားလက်နက် ပိုင်ဆိုင်ခွင့် ဘယ်တော့မှ မပေးရဘူး လို့လည်း သမ္မတ Trump ကပြောပါတယ်။ ဒါ့အပြင် အမေရိကန်ဘက်က အီရန်အပေါ် အခုထက် ပိုတင်းကျပ်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ဆက်ပြီး ချမှတ်မှာ ဖြစ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

လုံခြုံရေးကောင်စီရှေ့မှောက် အီရန်ကို သမ္မတ Trump ဝေဖန်
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

သမ္မတ Trump နောက်မှာ မိန့်ခွန်းပြောတဲ့ ပြင်သစ်သမ္မတ Emmanuel Macron ကတော့ အီရန်ပြဿနာအတွက် ရေရှည်မဟာဗျူဟာ ချပြီးလုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ ဒီ့အတွက် အရေးယူဒဏ်ခတ်မှုတွေချရုံ၊ ဖိနှိပ်ထိန်းချုပ်ရုံ လောက်နဲ့ လုပ်လို့ မရဘူးလို့ ပြောပါတယ်။

ဒါ့အပြင် အီရန်ကို နျူကလီယားလက်နက် ပိုင်ဆိုင်မှုကနေ ကာကွယ်နိုင်ဖို့ နိုင်ငံအားလုံးက ဒီအတိုင်းပဲခံယူကြကြောင်းလည်း ပြောပါတယ်။

ဒီအစည်းအဝေးကို အီရန်က မတက်ရောက်ပေမယ့် လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အီရန်သမ္မတ Hassan Rouhani က လုံခြုံရေးကောင်စီက တခြားအဖွဲ့ဝင်နိုင်ငံတွေ လက်ခံထားတဲ့ ဒီသဘောတူစာချုပ်ကနေ နှုတ်ထွက်ခဲ့တဲ့ အမေရိကန် တနိုင်ငံထဲ အထီးကျန်ဖြစ်နေတာကို ပြနေတယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG