သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီသတင်းထောက် ကောင်စစ်ရုံးထဲမှာ အသတ်ခံရကြောင်း တူရကီပြော


အမေရိကန်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေတဲ့ ဆော်ဒီအာရေဗျသတင်းထောက် Jamal Khashoggi ဟာ သူလက်ထပ်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းတွေယူဖို့ တူရကီနိုင်ငံ Istanbul က ဆော်ဒီအာရေဗျ ကောင်စစ်ရုံးကို သွားရောက်ခဲ့ရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အသတ်ခံခဲ့ရတယ်လို့ တူရကီ အရာရှိတွေက ကောက်ချက်ချ ပြောဆိုပါတယ်။

ဆော်ဒီအရာရှိတွေကတော့ အသက် ၅၉ နှစ်အရွယ် ဒီသတင်းထောက်ကို ရက်အတော်ကြာ မတွေ့မြင်ခဲ့သလို ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပြောဆိုပါတယ်။

အင်္ဂါနေ့က ကောင်စစ်ရုံးရှေ့မှာ စောင့်နေတဲ့ Khashoggi ရဲ့ ရည်းစားဖြစ်သူ Hatice Cengiz ကတော့ အဲဒီအဆောက်အဦးထဲက သူ့ရည်းစား ပြန်ထွက်မလာ တော့ဘူးလို့ ပြောပါတယ်။

ဒီကိစ္စကို ဆက်လက်စုံစမ်းမှာ ဖြစ်ပြီး တရားဝင် စုံစမ်းလို့ရတဲ့ အချက်အလက်တွေကို ကမ္ဘာကို တင်ပြမှာ ဖြစ်ကြောင်း တူရကီ သမ္မတ Recep Tayyip Erdogan က သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါ့အပြင် ကောင်စစ်ရုံး အဝင် အထွက် ကို ထောက်လှန်းရေး ဗီဒီယိုတွေမှာ ရဲတွေက စစ်ဆေးနေသလို Istanbul လေဆိပ်မှာပါ စစ်ဆေးနေကြောင်း လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က Istanbul လေဆိပ်ကို ဆော်ဒီနိုင်ငံသား ၁၅ ယောက် လေယာဉ် ခရီးစဉ် နှစ်ခုနဲ့ ရောက်လာခဲ့ပြီး သူတို့တွေဟာ Khashoggi နဲ့ အတူ ကောင်စစ်ရုံးမှာ ရှိနေတယ်လို့ ရဲတွေက ပြောပါတယ်။

မနှစ်က ဆော်ဒီအာဏာပိုင်တွေက အတိုက်အခံတွေကို ခြေမှုန်းချိန်မှာ Washington Post သတင်းစာမှာ ရေးသားနေတဲ့ ဆော်ဒီနိုင်ငံသား Khashoggi ဟာ အမေရိကန်မှာ ခိုလှုံခဲ့တာ ဖြစ်ပြီး သူဟာ ဆော်ဒီအိမ်ရှေ့စံမင်းသား Muhammad bin Salman ကို ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။

အခုလို ဆော်ဒီကောင်စစ်ရုံးမှာ အသတ်ခံရတယ်လို့ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ဒီသတင်းတွေ အတွက် အတည်မပြုနိုင်သေးကြောင်းနဲ့ အခြေနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောပါတယ်။

ဆော်ဒီသတင်းထောက် ကောင်စစ်ရုံးထဲမှာ အသတ်ခံရကြောင်း တူရကီပြော
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG