သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာပြည်ပြန်ပို့ခံရမည့် ရိုဟင်ဂျာတွေ စိုးရိမ်ကြောက်လန့်


မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကိုထက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံကို အတင်းပြန်ပို့မယ့် လူ ၂၀၀၀ ကျော်ထဲမှာ သူတို့ပါဝင်နေလို့ စိုးရိမ်နေရပါတယ်။ တချို့ဆိုရင် ရခိုင်ပြည်နယ်ကို ပြန်ပို့ခံရမယ့်အစား သူတို့ကိုယ်သူတို့ သတ်သေဖို့ စဉ်းစားနေပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်မပြုပါဘူး။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ တို့ဟာ နိုဝင်ဘာလလည်မှာ ပြန်ပို့မယ်ဆိုပြီးတော့ အခု ၂၂၀၀ ကို ဦးစွာအမည်စာရင်းပြုစုခဲ့တာပါ။ သူတို့ပြန်ချင်တယ်လို့ပြောလို့ ရွေးချယ်ခဲ့တာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် အရာရှိ အာဘိုကလမ်းက HRW အရာရှိ လူ့အခွင့်အရေးအဖွဲ့ကိုပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Ms. Yanghee Lee ကတော့ ပြန်ပို့မယ့်အစီအစဉ်ကို ဖျက်သိမ်းကြဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG