သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေကို စီးပွားရေးလုပ်ငန်းကြီးတွေကူနိုင်ဖို့ IOM စီစဉ်


Coca Cola, GAP, Mastercard, တူရကီ လေကြောင်းလိုင်း၊ ကိုရီးယား Telecom နဲ့ ဘင်္ဂလားဒေ့ရှ်က အထည်ချုပ်လုပ်ငန်း DBL အပါအဝင် နာမည်ကြီးစီးပွါးရေးကုမ္ပဏီကြီး အများအပြားက ကိုယ်စားလှယ်တွေဟာ တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ကုလသမဂ္ဂအဖွဲ့ရဲ့ နိုင်ငံတကာ အရွှေ့ပြောင်း အခြေချသူများအဖွဲ့အစည်း IOM နဲ့အတူ သွားရောက်ခဲ့ကြပါတယ်။ ဒါဟာ လူသားချင်းစာနာမှု အကူညီအလိုအပ်ဆုံး ဖြစ်နေတဲ့နေရာမှာ ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့ ဘယ်လို အကူညီတွေ ပေးနိုင်မယ် ဆိုတာကို သွားရောက် လေ့လာကြတာ ဖြစ်ကြောင်း IOM အဖွဲ့က Joel Millman က နိုဝင်ဘာလ ၆ ရက်နေ့က ဂျနီဗာ ကုလသမဂ္ဂ ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

"IOM က ထောက်ပြခဲ့တဲ့ အချက်က လူ တသန်းနီးပါးလောက် ရှိတဲ့ ဒီဒုက္ခသည် စခန်းတွေက လူတွေဟာ အကာကွယ် မဲ့နေကြပြီး၊ လူကုန်ကူးခံရမှုနဲ့ အတင်းအဓမ္မ လုပ်အားစေခိုင်ခံရတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်ရမယ့် အန္တရာယ် ပိုရှိနေတဲ့အတွက် အခုလို ဆွေးနွေးပွဲကို ကျင်းပရတာ ဖြစ်ပါတယ်။ "

အထည်ချုပ်လုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ နည်းပညာ၊ ဆက်သွယ်ရေးနဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပေးနေတဲ့ ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ်တွေဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့သလို ဘင်္ဂလားဒေ့ရှ်က IOM တာဝန်ရှိသူတွေနဲ့ ပါ ၂ ရက်ကြာ တွေ့ဆုံပြီး ဒုက္ခသည် စခန်းတွေမှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေအတွက် ဖြေရှင်းနိုင်အောင် ဘယ်လို လုပ်ဆောင်ကြမယ် ဆိုတာကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ IOM အဖွဲ့က ကြီးမှုးကျင်းပတဲ့ Dhaka မြို့က ၃ ရက်ကြာပွဲကို တက်ရောက်ခဲ့ကြတာဖြစ်ပြီး ဒီပွဲဟာ ခေတ်သစ် ကျွန်ပြုမှုနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍတွေက တတ်စွမ်းသမျှ ဘယ်လို ပူးပေါင်းကူညီ နိုင်မယ်ဆိုတဲ့ နည်းလမ်းတွေ ရှာဖွေဖို့ ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။

ဒီပွဲကို Innovation Norway နဲ့ Humanity United ပုဂ္ဂလိကကုမ္ပဏီတွေက ကျွမ်းကျင်သူတွေလည်း တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG