သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဌာနေပြန်ရေးအစီအစဉ် ရိုဟင်ဂျာတွေအမြင်


ရိုဟင်ဂျာဒုက္ခသည်များ ရိက္ခာအတွက် တန်းစီနေစဉ်
ရိုဟင်ဂျာဒုက္ခသည်များ ရိက္ခာအတွက် တန်းစီနေစဉ်

ဘင်္ဂလားဒေရှ့်ဘက် ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက စိစစ်ပြီးသား ၆ ထောင်ထဲက ပထမ အသုတ် လူပေါင်း ၂ ထောင်ကျော်တို့ အခုလ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံဘက်ကို စပြီး ပြန်ကြဖို့ စီစဉ်ထားပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြသူတချို့ကို ဆက်သွယ်ပြီး အများစုက ဌာနေမပြန်ဘူးလို့ ပြောဆိုနေချိန်မှာ ဌာနေပြန်လိုသူတွေ အနေနဲ့ စိုးရိမ်ချက်တွေ ရှိနေလားဆိုတာ အပါအဝင် ဌာနေပြန်ရေး လုပ်ငန်းစဉ် အပေါ် သဘောထားတွေကို မသိင်္ဂ ီထိုက် စုစည်းထားပါတယ်။

"မေး။ ။ ဘယ်သူတွေများရှိပါသလဲရှင့် အဲလိုပြန်ဝင်မယ်ဆိုတဲ့ သူတွေထဲက ကိုကျော်စန်းလှိုင်တို့အသိတွေများရှိပါသလား။

ဖြေ၊ ။ ဒီကလူတွေက မသွားဘူးဆိုတာ သိရတယ်၊ အဓိကပြောနေတာက ဘာလဲဆိုတော့ ရိုဟင်ဂျာလူမျိုးကိုလက်ခံမှ အဲဒီနိုင်ငံကိုသွားမယ်။ ကမ္ဘာနဲ့ အသိအမှတ်ပြုပြီး လက်ခံမှ သွားမယ်။ အဲဒီလိုမဟုတ်ရင် ဘယ်လိုမှ မသွားနိုင်ဘူး။ ဒီ NVC ကဒ်တွေ ကျနော်တို့မကိုင်နိုင်ဘူး အရင်ကတည်းက လွတ်လပ်ရေးရခါစ ဘယ်လိုနေခဲ့သလဲ အဲလိုပုံစံနဲ့ ရမယ်ဆိုရင် မြန်မာပြည်မှာ တိုင်းရင်းသား ၁၃၅ မျိုးရှိတယ် တန်းတူအခွင့်အရေးရှိတယ်။ အဲလိုပုံစံနဲ့ တန်းတူအခွင့်အရေးရမှ ကျနော်တို့သွားမယ် ။ အဲလိုပြောနေတာ ကျနော်ကြားနေရတယ်။

မေး။ ။ ဟုတ်ကဲ့။ ကိုကျော်စန်းလှိုင်တို့ပတ်ဝန်းကျင်မှာရော ပြန်လိုတဲ့သူတွေ ဘယ်သူတွေများရှိပါသလဲ။

ဖြေ၊ ။ မရှိဘူး တယောက်တလေတောင် မရှိဘူး။ လုံးဝပြန်မယ့်လူ မရှိဘူးဆိုတာ ကျနော်သိရတယ်။

မေး။ ။ ဟုတ်ကဲ့ ကိုကျော်စန်းလှိုင်ကျေးဇူးပါရှင့်။"

"မေး။ ။ ဦးမောင်မောင်တို့ မြန်မာပြည်ဘက်ကို ပြန်ဝင်ကြမယ်ဆိုတဲ့ လူတွေထဲကရော ဦးမောင်မောင်အသိတွေများပါသလား။

ဖြေ၊ ။ ကျနော်တို့ အခုသိရသလောက်ဆိုရင် မပါသေးပါဘူး။

မေး။ ။ ဦးမောင်မောင်တို့ ကုတုပလောင်ထဲက တယောက်တလေ များပါမလား မြန်မာပြည်ဘက်ကို ပြန်ဝင်ဖို့ လုပ်နေတဲ့အထဲက ၅၀၀၀ လောက်ရှိတယ်ဆိုတော့။

ဖြေ၊ ။ ၅၀၀၀ လောက်ရှိတယ်ဆိုတာ ကျနော်တို့ ကုတုပလောင်က မပါဘူး။"

"ကိုအီစလံ။ ။ ကျနော် ကိုအီစလံပါ ။ ကျနော်သေချာရှင်းပြပါမယ်။

မေး။ ။ ဟုတ်ကဲ့ ကိုအီစလံ ကျေးဇူးပါ။

ကိုအီစလံ၊ ။ ကျနော် ဘာလုခါလီ ဒုက္ခသည်စခန်းကပါ။ ကျနော်တို့ အသိတွေက လောလောဆည်မပါဘူး မရှိသေးပါဘူး။ နောက် နိုဝင်ဘာလ ၁၅ ရက်နေ့ ပထမအသုတ်ပြန်မယ့် မနေ့က အတွင်းဝန် ဦးမြင့်သူပြောတာကို ရိုဟင်ဂျာတွေကတော့ တဦးတယောက်မှ လက်ခံတာမရှိဘူး သူတို့က လုံးဝပြန်ဖို့ အစီစဉ်မရှိဘူးလို့ တင်ပြခဲ့ပါတယ်။

မေး။ ။ ကိုအီစလံတို့ ဘာလုခါလီနဲ့ နယ်ခြားနဲ့က ဘယ်လောက်ဝေးပါသလဲ။

ကိုအီစလံ၊ ။ ကျနေ်ာတို့နဲ့ နယ်ခြား တောင်ပြိုလက်ဝဲဆိုရင် ၁ မိုင်ပါ။ တယ်လီဖုန်းတာဝါတိုင်တွေ မြင်ရတယ်။ နောက်နယ်ခြားစောင့် ရဲစခန်းတွေအကုန်မြင်ရပါတယ်။

မေး။ ။ ကိုအီစလံတို့ စခန်းထဲက ပြန်ချင်သူတွေက ကြောက်နေသလား၊ သူတို့ပြန်ချင်တယ်လို့ ပြောဖို့။ ဘာဖြစ်လို့လဲဆိုတော့ အများစုက မပြန်လိုဘူးဆိုပြီးတော့ တော်တော်တင်းတင်းမာမာပြောနေကြတော့ ပြန်ချင်သူတွေက ထုတ်ပြောပါမလားရှင့်။

ကိုအီစလံ၊ ။ ဟုတ်ကဲ့ အမှန်အတိုင်းပြောမယ်ဆိုရင် တဦးတယောက်မှ လောလောဆည် ပြန်ဖု့ိဆိုတာ လုံးဝဆန္ဒမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့နိုင်ငံသား တန်းတူအခွင့်အရေးမရဘူးဆိုရင် ခွဲခြားဆက်ဆံမှုနဲ့ တသက်လုံးနေရမှာကို စိုးရိမ်ပါတယ်။ NVC ဆိုတာ နိုင်ငံခြားသားများကိုင်ဆောင်ရတဲ့ ကဒ်ဖြစ်နေတာအတွက် ကျနော်တို့ ရိုဟင်ဂျာတွေက နဂိုက နိုင်ငံသားဖြစ်ပြီးသားပါ။ ဝန်ကြီးချုပ်ဟောင် ဦးနုလက်ထက်မှာ ကျနော်တို့ နိုင်ငံသားတန်းတူအခွင့်အရေးရပြီးသားပါ။ မြန်မာ့အသံလွှင့်ဌာနမှာ ကျနော်တို့ ရိုဟင်ဂျာဘာသာနဲ့ အစီအစဉ်တွေတောင် ရှိခဲ့ဖူးပါတယ်။"

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက် အရ အခု နိုဝင်ဘာလ ၁၅ ရက်နေ့က စလို့ဌာနေပြန်ရေး လုပ်ငန်းစဉ် စမယ်လို့ နှစ်နိုင်ငံ စလုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဒုက္ခသည် အများစုကတော့ သူတို့ကို ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုဖို့ နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ မူလနေရာတွေမှာ နေထိုင်ခွင့် ပြန်ရဖို့ အပါအဝင် မြန်မာ အစိုးရကို တောင်းဆိုထားတာတွေ ရှိပါတယ်။ မြန်မာ ဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပါဘူး။ ဒါပေမယ့် မြန်မာဘက်က ထွက်ပြေးရသူ အားလုံးကို ပြန်လက်ခံမယ်လို့ ပြောထားတာပါ။ ကုလသမဂ္ဂဘက်ကတော့ ဌာနေပြန်ရေး လုပ်ငန်းစဉ် အပေါ် စိုးရိမ်မှု ရှိကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG