သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားတောမီး သေဆုံးသူ ၄၀ ကျော်


California ပြည်နယ်မြောက်ပိုင်းမှာ အရှိန်ပြင်းပြင်းနဲ့ လောင်းကျွမ်းနေတဲ့ မီးကြောင့် သေဆုံးသူ ၄၂ ယောက်ထက် မနည်းရှိသွားပါပြီ။ ဒါဟာ ပြည်နယ်သမိုင်းမှာ သေဆုံးမှုအများဆုံး မီးလောင်ကျွမ်းမှုဖြစ်ပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တာ ၄ ရက်အကြာမှာ Paradise မြို့ဆိုရင် တမြို့လုံးနီးပါး မီးလောင်ပြာကျခဲ့ပြီး သေသလား ရှင်သလား မသိရသေးသူ ရာနဲ့ချီရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြည်နယ်တောင်ပိုင်းက မီးလောင်မှု ၂ ခုမှာလည်း လူ ၂ ယောက်သေဆုံးခဲ့ပါတယ်။ California ပြည်နယ်ထဲမှာ လူပေါင်း ၁ သိန်းခွဲလောက် မီးဘေးလွတ်ရာ ပြောင်းရွှေ့နေရပါတယ်။ ခြောက်သွေ့တဲ့အခြေအနေနဲ့ လေတိုက်နှုန်းပြင်းထန်တာကြောင့် အရှိန်ပြင်ပြင်းကူးစက် လောင်ကျွမ်းတဲ့မီးကြီးတွေကြောင့် စတုရန်းကီလိုမီတာ ၁ ထောင်ကျော် အကျယ်အဝန်းလောက်ရှိ မီးလောင်ခဲ့ပြီး လူနေရပ်ကွက်တွေ၊ စီးပွားရေးအဆောက်အဦးတွေ အများအပြားဆုံးရှုံးခဲ့ပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူး Jerry Brown ကအရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ပြီး ကူညီကယ်ဆယ်ရေးအတွက် ပြည်ထောင်စုအစိုးရဆီက အသုံးစရိတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ California ပြည်နယ်က မီးလောင်ကျွမ်းမှုဟာ အကြီးမားတဲ့သဘာဝဘေးကြီးတခုဖြစ်တယ်လို့ သမ္မတ Donald Trump က တနင်္လာနေ့ ညပိုင်းက ကြေညာခဲ့ပြီး မီးဘေးဒုက္ခသည်တွေကို ကူညီဖို့ ပြည်ထောင်စုဘဏ္ဍာ သုံးစွဲခွင့်ပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG