သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Gwangju လူ့အခွင့်အရေးဆု ရုပ်သိမ်းခံရ


၂၀၁၃ တွင် Gwangju လူ့အခွင့်အရေးဆုကို အောင်ဆန်းစုကြည်ကိုယ်တိုင်လက်ခံစဉ်
၂၀၁၃ တွင် Gwangju လူ့အခွင့်အရေးဆုကို အောင်ဆန်းစုကြည်ကိုယ်တိုင်လက်ခံစဉ်

ရိုဟင်ဂျာလူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ ပတ်သတ်တဲ့ကိစ္စရပ်တွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဥပေက္ခာပြုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုရီးယားလူ့အခွင့်အရေးအဖွဲ့ကြီးတဖွဲ့က သူတို့ပေးအပ်ထားတဲ့ဆုကို ပြန်ရုပ်သိမ်းမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ၂၀၀၄ ခုနှစ်က Gwangju လူ့အခွင့်အရေးဆုကို ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့တာပါ။ လူ့အခွင့်အရေးအတွက် ကာကွယ်ရပ်တည်ပေးခဲ့တာကြောင့် ဆုပေးခဲ့တာဖြစ်ပေမယ့်လည်း ရိုဟင်ဂျာတွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ကိစ္စရပ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လစ်လျူရှုခဲ့တာကြောင့် ဆုပြန်ရုပ်သိမ်းမှာဖြစ်ကြောင်း ကိုရီးယားလူ့အခွင့်အရေးအဖွဲ့ May 18 Memorial ဖောင်ဒေးရှင်း ပြောခွင့်ရ Cho Jin-tae က ပြောပါတယ်။

တနင်္လာနေ့တုန်းက ဖောင်ဒေးရှင်း အမှုဆောင်အရာရှိအဖွဲ့က အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့မှာ ဦးဆောင်ပါဝင်ခဲ့တာပါ။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ရပ်တည်ပြောဆိုတာမျိုးမလုပ်ခဲ့တာကြောင့် နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင် ဝေဖန်ခဲ့ကြပြီး အခုလို Gwangju လူ့အခွင့်အရေးဆု အပါအဝင် နိုင်ငံတကာက သူ့ကို ပေးအပ်ထားတဲ့ ဆုတွေကို ပြန်လည်ရုပ်သိမ်းခံနေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG