သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကာလ Cox's Bazar ရိုဟင်ဂျာဒုက္ခသည်စခန်း လုံခြုံရေးတင်းကြပ်


Cox's Bazar ရိုဟင်ဂျာဒုက္ခသည်စခန်း လမ်းအသွားအလာ လုံခြုံရေးတင်းကြပ်
Cox's Bazar ရိုဟင်ဂျာဒုက္ခသည်စခန်း လမ်းအသွားအလာ လုံခြုံရေးတင်းကြပ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လာမယ့် တနင်္ဂနွေနေ့ ကျင်းပမယ့် အခြေအတင် အငြင်းပွါးဖွယ်ဖြစ်နေတဲ့ ရွေးကောက်ပွဲကာလ အတွင်း Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ၃ ရက်ကြာ အဝင်အထွက် ပိတ်ထားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေက တနင်္လာနေ့က ပြောပါတယ်။

Cox’s Bazar ဒေသရဲ့ အရှေ့တောင်ပိုင်း နယ်စပ် တလျှောက်ကို လာမယ့် စနေနေ့မှာ စတင်ပိတ်မှာ ဖြစ်ပြီး အဲဒီဒေသကနေ ဒုက္ခသည်တွေ အပြင်ထွက်ခွင့် ရကြမှာ မဟုတ်ပါဘူး။

ဒီဇင်ဘာ ၃၀ ရက် ကျင်းပမယ့် ရွေးကောက်ပွဲမှာ အာဏာရ Awami League ပါတီက လက်ရှိဝန်ကြီးချုပ် Sheik Hasina ဟာ စတုတ္ထ အကြိမ်မြောက် ပြန်လည် ဝင်ရောက် အရွေးချယ် ခံမှာဖြစ်ပါတယ်။

Sheik Hasina အစိုးရဟာ ပြီးခဲ့တဲ သြဂုတ်လက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခိုလှုံခဲ့တဲ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော်ကို လက်ခံခဲ့တဲ့ အတွက် နိုင်ငံတကာရဲ့ ချီးကျူးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်း Cox’s Bazar ရှိ အာဏာပိုင်တွေ အနေနဲ့ ဒုက္ခသည်တွေကို ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုမှာ အသုံးချ မခံရအောင် ဟန့်တားပေးဖို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ဆိုင်ရာ မင်းကြီး Mohamad Abdu Khalam က အမိန့်ပေးထား ကြောင်း ပြောပါတယ်။

ဒီအစီအစဉ်ဟာ လုံခြုံရေး အရ ဆောင်ရွက်မှု ဖြစ်ပြီး ပိတ်ဆို့မှု အတွင်း NGO အမှုထမ်းတွေ အနေနဲ့လည်း အရေးပေါ် ကိစ္စ မဟုတ်ရင် စခန်းထဲ သွားရောက်ခွင့် ရှိမှာမဟုတ်ကြောင်း မစ္စတာ Khalam က AFP သတင်းကို ပြောပါတယ်။

စခန်းတဝိုက်မှာ လမ်းပိတ်ဆို့မှုတွေ ကို အထူးလုပ်ဆောင်မှာ ဖြစ်ကြောင်း ရဲက ပြောပါတယ်။ ဒါ့အပြင် နယ်ခြားစောင့် တပ်တွေနဲ့ ဒေသခံရဲ ၄၅၀ ကျော်ကိုလည်း စခန်းမှာ စေလွှတ်ချထားမှာ ဖြစ်ကြောင်း ပြောခွင့်ရက ပြောပါတယ်။

ရွေးကောက်ပွဲ အတွင်း အကြမ်းဖက်မှုများ ဖြစ်ပွါးမှာ စိုးရိမ်တဲ့အတွက် စစ်သားပေါင်း ထောင်နဲ့ ချီပြီး နိုင်ငံတဝှမ်း စေလွှတ် ချထားပါတယ်။ လက်ရှိချထားပြီး ပြည်သူ့စစ် ၂ သောင်းနဲ့အတူ နောက်ထပ် စစ်သား ၃ သောင်း ချထားဖို့ စီစဉ်ထားပါတယ်။

လုံခြုံရေးတပ်တွေကို ဒီဇင်ဘာလ ၂၄ ကစေပြီး ဇန်နဝါရီလ ၃ ရက်နေ့ အထိ ချထားမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အတိုက်အခံ BNP ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီက ကိုယ်စားလှယ် အနဲဆုံး ၁၅၀ အတိုက်ခိုက် ခံခဲ့ရပြီး ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှု အတွင်း အကြမ်းဖက်မှုကြောင့် လူအနည်းဆုံး ၆ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG