သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှု ညှိုနှိုင်း


ကုန်သွယ်ခွန်အပြန်အလှန်ကောက်ခံရေးကိစ္စတင်းမာနေတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ပြေလည်မှုရရေး ၂ နိုင်ငံက ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်တွေ ဘေဂျင်းမြို့တော်မှာ ဒီနေ့စတင်ဆွေးနွေးနေကြပါတယ်။ ၂ ရက်ကြာဆွေးနွေးပွဲကနေ ရလဒ်ကောင်းထွက်လာမယ်လို့ ၂ ဖက်လုံးက အကောင်းမြင်ပြောကြားခဲ့ကြပါတယ်။

တရုတ်နဲ့သဘောတူညီချက်တခုရမယ်လို့ ထင်ကြောင်း သမ္မတ Donald Trump ကပြီးခဲ့တဲ့ သီတင်းပါတ်က ပြောကြားခဲ့သလို တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang ကလည်း အပြုသဘောဆောင်ပြီး အလုပ်ဖြစ်တဲ့ဆွေးနွေးမှုတွေ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဒေါ်လာ ၂၅၀ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် သမ္မတ Trump ကပြီးခဲ့တဲ့နှစ်က ၂၅% သွင်းကုန်ခွန် တိုး ကောက်ခဲ့ပါတယ်။ တရုတ်ဖက်ကလည်း တုံ့ပြန်တဲ့အနေနဲ့ ဒေါ်လာ ၁၁၀ ဘီလျံတန်ဖိုးရှိတဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန်ကောက်ခဲ့ပါတယ်။ ခုလို ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုကို ညှိနှိုင်းဖြေရှင်းဖို့အတွက် ဇန်နဝါရီ ၁ ရက်နေ့ကနေ ရက်ပေါင်း ၉၀ ကြာ သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမှုတွေ ဆိုင်းထားဖို့ အမေရိကန်သမ္မတ Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG