သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ နဲ့ Donald Trump ကုန်သွယ်ရေးပြဿနာ ဆက်သွယ်ဆွေးနွေး


အမေရိကန် သမ္မတနှင့် Donald Trump နှင့် တရုတ်သမ္မတ တွေ့ဆုံစဉ် (၂၀၁၇)
အမေရိကန် သမ္မတနှင့် Donald Trump နှင့် တရုတ်သမ္မတ တွေ့ဆုံစဉ် (၂၀၁၇)

တရုတ်သမ္မတ ရှီ ကျင့်ဖျင်နဲ့ ကြာသပတေးနေ့က ဆက်သွယ်ပြောဆိုပြီးတော့ အထူးသဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေကိစ္စ ဆွေးနွေးကြတယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။

နှစ်နိုင်ငံ အပြန်အလှန် တင်ပို့ကြတဲ့ ကုန်ပစ္စည်း ဒေါ်လာ ဘီလီယံပေါင်းများစွာအပေါ် မကြာသေးခင်လတွေအတွင်း ကုန်သွယ်ခွန် တွေ တိုးမြှင့်ချမှတ်ထားကြတာကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုပြီး တင်းမာလာနေတာပါ။

ဒါပေမဲ့ သမ္မတထရမ့်ပ်ကတော့ သူတို့နှစ်ယောက်အကြား “အတော်ကြာကြာ ကောင်းကောင်း ပြောဆိုကြတယ်” လို့ ပြောသလို “ဆွေးနွေးတာတွေဟာလည်း အဆင်ပြေပြေရှိတယ်” လို့ဆိုပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့ကျရင် အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့မှာကျင်းပဖို့ရှိတဲ့ ကမ္ဘာ့ ထိပ်တန်းစီးပွားရေး နိုင်ငံ ၂၀ G-20 ထိပ်သီးအစည်းအဝေးကာလအတွင်း သမ္မတရှီနဲ့ နောက်ထပ် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့လည်း သမ္မတထရမ့်ပ်က ပြောပါတယ်။

တရုတ်နဲ့ တိုင်ဝမ်အခြေစိုက် ကုမ္ပဏီနှစ်ခုဟာ semi-conductor ထုတ်လုပ်တဲ့ အမေရိကန် Micron နည်းပညာကုမ္ပဏီဆီကနေ ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေ ခိုးယူတယ်လို့ စွပ်စွဲပြီးတော့ ကြာသပတေးနေ့မှာ အမေရိကန်က အရေးယူလိုက်တဲ့ကိစ္စ သူတို့နှစ်ယောက် ပြောမပြောဆိုတာကိုတော့ သမ္မတထရမ့်ပ်က ဘာမှမပြောသွားပါဘူး။

အခုအရေးယူတဲ့ဖြစ်ရပ်ဟာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေအပေါ် တရုတ်က သူလျှိုလုပ်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စွပ်စွဲပြီးကတည်းကဆိုရင် လေးခုမြောက် အရေးယူတဲ့ဖြစ်ရပ်ဖြစ်ပါတယ်။

တရုတ်သမ္မတ နဲ့ Donald Trump ကုန်သွယ်ရေးပြဿနာ ဆက်သွယ်ဆွေးနွေး
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG