သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမန်စစ်အကူအညီပေးရေး ဖြတ်ဖို့ ကန် အထက်လွှတ်တော် မဲခွဲ ဆုံးဖြတ်


ယီမင်နိုင်ငံအတွင်း ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့တွေက သူပုန်တွေတိုက်နေတာကို ထောက်ပံ့မှု ဖြတ်တော်ဖို့ ရီပတ်ဘလစ်ကန်ဦးဆောင်တဲ့ အမေရိကန်အထက်လွှတ်တော်က ဗုဒဟူးနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။

ဆော်ဒီကို ထောက်ခံခဲ့ အမေရိကန်သမ္မတ Trump ရဲ့ သဘောထားကို ဆန့်ကျင်ပြီး အထက်လွှတ်တော်က ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၄၆မဲနဲ့ အခုလို မဲခွဲအတည်ပြုလိုက်တာပါ။ ထောက်ခံမဲပေးသူတွေထဲမှာ ဒီမိုကရက်အမတ်တွေနဲ့အတူ ရီပတ်ဘလစ်ကန်အမတ် ၇ ယောက်လည်း ပါဝင်ခဲ့ပါတယ်။

ယီမင်နိုင်ငံအတွင်း အခြေအနေဆိုးရွားတဲ့နေရာတွေနဲ့ စစ်ဘေးသင့်နေရာတွေက အမေရိကန်လက်နက်ကိုင်တပ်သားတွေကို ရက် ၃၀ အတွင်း ဖယ်ရှားဖို့ ဥပဒေကြမ်းက တောင်းဆိုထားတာပါ။ ဒီဥပဒေကြမ်းကို အတည်ပြုဖို့ ဒီမိုကရက်ဦးဆောင်တဲ့ အောက်လွှတ်တော် ဆီ ရောက်သွားမယ်ဆိုရင် ဗီတိုအာဏာသုံးပြီး ပယ်ချမယ့်အကြောင်း သမ္မတ Trump က ခြိမ်းခြောက်ထားတာပါ။

Trump အစိုးရရဲ့ ထောက်လှမ်းရေးအပါအဝင် တခြားအကူအညီတွေနဲ့ ဆော်ဒီအာရေးဗျက ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့က အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေကို တိုက်ထုတ်ဖို့ အကူအညီ ပေးနေတာလည်း ဖြစ်ပါတယ်။

ယီမန်စစ်အကူအညီပေးရေး ဖြတ်ဖို့ ကန် အထက်လွှတ်တော် မဲခွဲ ဆုံးဖြတ်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG