သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ကာလ မတော်တဆ ထိခိုက်သေဆုံးမှုရှိ


မြန်မာနိုင်ငံတဝန်း ဒေသအများအပြားမှာ လေးရက်ကြာ ဆင်နွှဲနေကြတဲ့ မဟာသင်္ကြန်ပွဲတော်ကတော့ ဒီကနေ့ ပြီးဆုံးသွားပါပြီ။ လူပေါင်းများစွာ ပါဝင်ဆင်နွှဲတဲ့ မဟာသင်္ကြန်ပွဲတော် ဖြစ်တာနဲ့အညီ ထိခိုက် ဒဏ်ရာရ သေဆုံးတဲ့ဖြစ်ရပ်တွေလည်းရှိပါတယ်။

မဟာသင်္ကြန် အကြိုနေ့ကနေ အကြတ်နေ့အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရောက်လာတဲ့ စုစုပေါင်းလူနာအရေအတွက် ၅၅၅ ဦးရှိပြီး သေဆုံးရောက်ရှိသူ ၅ ဦးရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ အတက်နေ့ စာရင်းကိုတော့ မတွေ့ရသေးပါဘူး။

မန္တလေးတိုင်းမှာတော့ သင်္ကြန်အကြိုနေ့ကနေ အကြတ်နေ့အထိ သုံးရက်တာကာလအတွင်း လူ ၂၃ ဦးသေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို ကိုးကားပြီး ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

တနင်္လာနေ့မနက်ပိုင်းက ချင်းတွင်းသင်္ကြန်ပွဲတော်ကိုသွားတဲ့ လူ ၃၅ ဦးပါ စက်လှေနစ်မြုပ်တာကြောင့် သေဆုံးသူရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

အကြတ်နေ့တုန်းကပဲ နတ်မောက်မြို့မှာ ယင်းချောင်းထဲ သင်္ကြန်ရေကစားပြီး ပြန်လာတဲ့ကားတစီး တိမ်းမှောက်ပြီးတော့ ၁၈ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့လည်း သတင်းတွေမှာဖော်ပြကြပါတယ်။

ရန်ကုန်မြို့၊ အင်းလျားကန်ဘောင်ပေါ်မှာ အလှဆင်ထားတဲ့ ပုသိမ်ထီးတွေကို လူတချို့က သင်္ကြန်အကျတ်နေ့မှာ ဖြုတ်ယူသွား ကြပြီးတဲ့နောက် ဒီကနေ့ အတက်နေ့မှာတော့ ထီးအသစ်တွေ ပြန်ဆင်ထားပါတယ်။ရန်ကုန်မြို့အပါအဝင် နိုင်ငံတဝန်းက မြို့ကြီးတွေမှာ လမ်းလျှောက်သင်္ကြန်အဖြစ် နေရာတချို့ကိုသတ်မှတ်ပြီး ဆင်နွှဲကြတာ ဒီနှစ် မှာ ပိုများလာသလို နာမည်ကျော် အင်းလေးကန်မှာလည်း ရေပေါ်သင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ် ဆင်နွှဲကြပါတယ်။

ရန်ကုန်မြို့တွင်းမှာ ကားနဲ့လှည့်လည်ပြီး သံချပ်ထိုးဖျော်ဖြေတဲ့ အဖွဲ့တွေထဲက ဒေါင်းတို့မျိုးဆက် ကျောင်းသားလူငယ် သံချပ်အဖွဲ့ ဝင်လေးဦးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ မရမ်းကုန်းရဲစခန်းမှာ တရားစွဲ ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG