သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Joe Biden သမ္မတလောင်းယှဉ်ပြိုင်ရေး


Joe Biden သမ္မတလောင်းယှဉ်ပြိုင်ရေး
please wait

No media source currently available

0:00 0:03:42 0:00
တိုက်ရိုက် လင့်ခ်

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်အကြောင်း ဒုသမ္မတဟောင်း Joe Biden က ကြာသပတေးနေ့မှာ တရားဝင်ကြေညာလိုက်ပါတယ်။ ဒီမိုကရက်ပါတီဘက်က ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတ ကိုယ်စားလှယ်လောင်း ၂၀ ရှိတဲ့အထဲ လူထုစစ်တမ်းတွေအရ Biden ဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒါပေမယ့် အရင်က သမ္မတရွေးကောက်ပွဲ ၂ ကြိမ် ဝင်ရောက်ခဲ့ပြီး မအောင် မမြင် ဖြစ်ခဲ့တာ၊ အသက်ကြီးလွန်းနေတာအပြင် သူ့ရဲ့ ပေါ်လစီတွေအပေါ် မေးခွန်းထုတ်စရာတွေ ရှိနေတာကြောင့် လူငယ် မဲဆန္ဒရှင်တွေ၊ မတူညီတဲ့ လူမျိုးစု နောက်ခံတွေနဲ့ နိုင်ငံရေး အယူအဆတွေ ပိုမို ပါဝင်လာနေတဲ့ ဒီမိုကရက်တစ် ပါတီအတွင်း သူ့အနေနဲ့ လုံလောက်တဲ့ ထောက်ခံမှု ရနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Jim Malone သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

XS
SM
MD
LG