Trump ရဲ့လူဝင်မှုကြီးကြပ်ရေး အဆိုပြုချက်သစ်
အမေရိကန်သမ္မတ Donald Trump က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲလိုတဲ့ အဆိုပြုချက်တွေကို မနေ့က တရားဝင် ပြောကြားလိုက်တာမှာ - DV လို့ခေါ်တဲ့ Green Card အမြဲတမ်း နေထိုင်ခွင့်ဗီဇာကို လုံးဝရပ်ဆိုင်းပြီး မိသားစုဝင်တွေကို ခေါ်ယူခွင့်ပြုတဲ့ ဗီဇာကို သိသိသာသာလျော့ချပစ်တာနဲ့ အမေရိကန်အတွက် အကျိုးပြုနိုင်မယ့် အရည်အချင်းရှိ ပညာတတ်တွေကိုခေါ်ယူတဲ့ စံနစ်တို့ကို ကျင့်သုံးသွားရေးတို့ ပါဝင်ပါတယ်။ Dreamers လို့ခေါ်တဲ့ အမေရိကန်ကို မိဘတွေနဲ့အတူ ကလေးဘဝက တရားမဝင်ရောက်လာကြသူ ၇ သိန်းလောက်အရေးကို ထည့်သွင်း ဖော်ပြထားခြင်း မရှိတဲ့အတွက် သမ္မတရဲ့အဆိုပြုချက်ကို ဒီမိုကရက်တွေဘက်က ကန့်ကွက်လိုက်ပါတယ်။ ဒီအကြောင်း အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။