သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား မစ်ဇိုင်းဒုံး ထပ်မံစမ်းသပ်


သြဂုတ်လ ၁ ရက်၊ ၂၀၁၉ မှာ မစ်ဆိုင်းဒုံး စမ်းသပ်ပစ်လွှတ်နေမှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ကြည့်နေစဉ် (ဓာတ်ပုံ-AFP)
သြဂုတ်လ ၁ ရက်၊ ၂၀၁၉ မှာ မစ်ဆိုင်းဒုံး စမ်းသပ်ပစ်လွှတ်နေမှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ကြည့်နေစဉ် (ဓာတ်ပုံ-AFP)

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်မစ်ဇိုင်းဒုံးတွေကို အရှေ့ဖက်ကမ်းရိုးတမ်းကိုကျော်ပြီး ဒီကနေ့သောကြာနေ့မှာပစ်လွှတ်ခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေကပြောပါတယ်။ ဒီလုပ်ရပ်ဟာ သီတင်းတပတ်ကျော် အတွင်း တတိယ အကြိမ် မြောက် စမ်းသပ်ပစ်လွှတ်တာလည်းဖြစ်ပါတယ်။

ဒီကနေ့ ဒေသစံတော်ချိန် မနက်၃ နာရီဝန်းကျင်လောက်မှာ တောင်ဘက် Hamgyong ပြည်နယ်ကနေ ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။ ဒုံးကျဉ်ဟာ အကွာအဝေးကီလိုမီတာ ၂၂၀ ၊ အမြင့် ၂၅ ကီလိုမီတာထိရောက်ခဲ့တယ်လို့ ပူးတွဲစစ်ဦးချုပ်က ထပ်လောင်းပြောဆိုပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားထောက်လှမ်းရေး တာဝန်ရှိသူတွေရဲ့သုံးသပ်ချက်အရ ခုပစ်လွှတ်လိုက်တဲ့မစ်ဇိုင်းဒုံးတွေဟာ တာတိုပစ် ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးတွေဖြစ်ပြီး မြောက်ကိုရီးယားက လတ်တလောပစ်လွှတ်စမ်းသပ်ခဲ့တဲ့ အခြားမစ်ဇိုင်းဒုံးတွေနဲ့ အလားတူတယ်လို့ တောင်ကိုရီးယား သမ္မတအိမ်တော်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီကနေ့မနက်ဖြစ်ရပ်ကိုတော့ အမေရိကန်တာဝန်ရှိသူတွေက ကနဦးထုတ်ပြန်ခဲ့တာဖြစ်ပြီး မြောက်အမေရိကန်တိုက်အပေါ် ခြိမ်းချောက်နိုင်ခြင်းမရှိတဲ့ တာတိုပစ် ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးတွေဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၈ ရက် အတွင်း မြောက်ကိုရီးယားက တာတိုပစ်မစ်ဇိုင်းဒုံး ၆လုံးထက်မနည်း စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ ဒီလုပ်ရပ်တွေဟာ ဖြစ်လာနိုင်ခြေရှိတဲ့ နျူကလီးယားအရေးဆွေးနွေ ပွဲတွေ မတိုင်ခင်မှာ အမေရိကန်ပြည်ထောင်စုအပေါ် ပိုပြီးအသာစီးရဖို့ ကြိုးစားနေတဲ့ပုံရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG