သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူရခိုင်အသင်းဝင်တေ စွစ်ဆေးမှု ဦးဇော်ဌေးရှင်းလင်း


ကိုဟိန်းဇော်ရဲ့ မိခင် (ဇူလိုင် ၂၆၊ ၂၀၁၉)
ကိုဟိန်းဇော်ရဲ့ မိခင် (ဇူလိုင် ၂၆၊ ၂၀၁၉)

ရခိုင်လက်နက်ကိုင်တပ် AA နဲ့ ပတ်သက်တယ်ဆိုပြီး စကာၤပူကနေ ပြည်နှင်ဒဏ် ပေးခံထားရသူတွေကို မြန်မာ အစိုးရက ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးနေတာမှာ ငွေကြေးလွှဲပြောင်းမှုတွေ စစ်ဆေးတွေ့ရှိရကြောင်း အစိုးရ အဖွဲ့ ပြောခွင့်ရ ဦးဇော်ဌေးက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ စကာၤပူက ရခိုင်အသင်း ခေါင်းဆောင်တွေ အပါအဝင် ၉ ဦးကို ဖမ်းဆီး စစ်ဆေးနေတာပါ။

သြဂုတ်လ ၉ ရက်နေ့မှာ ချုပ်ရက် ရမန် သီတင်း ၂ ပတ်ပြည့်တော့မှာ ဖြစ်ပြီး ရဲတပ်ဖွဲ့ကို အစိုးရဘက်က အခြေအနေ မေးမြန်းကြောင်းလည်း ပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုသွားပါတယ်။ ငွေကြေးလွှဲပြောင်းမှုတွေ တွေ့တယ်ဆိုပေမယ့် ဘယ်လို ငွေကြေးလွှဲပြောင်းမှု ဆိုတာကိုတော့ အသေးစိတ် မပြောပါဘူး။ ဖမ်းဆီးထားသူတွေကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲထားပြီး တရားရုံမတင်သေးဘဲ ရဲတပ်ဖွဲ့က စစ်ချက် ရယူနေဆဲ ဖြစ်ပါတယ်။

စကာၤပူ ပြည်ထဲရေး ဌာနက စကာၤပူ ရခိုင်အသင်း ခေါင်းဆောင်တွေကို ပြည်နှင်ဒဏ် ပေးပြီးနောက် မြန်မာပြည် ဆိုက်ရောက်လာချိန်မှာ မြန်မာ အစိုးရက ဖမ်းဆီးခဲ့တာပါ။ အခုအချိန်ထိ မိသားစုနဲ့ တွေ့ခွင့် မရသေးသလို ဘယ်မှာ ထိန်းသိမ်းထားသလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။ ထိန်းသိမ်းခံထားရသူတွေရဲ့ ကျန်းမာရေး အခြေအနေကိုလည်း မသိရပါဘူး။ ရဲတပ်ဖွဲ့က သူတို့ကို တရားစွဲဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေကတော့ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုအောင်မျိုးဝင်း၊ ကိုရွှေသန်းလှိုင်နဲ့ ကိုမြတ်လင်းဦးတို့ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG