သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ကိုထောက်ပံ့မှုနဲ့ လူ ၉ ဦးပေါ် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲ


AA army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို ငွေကြေးထောက်ပံ့ပေးတယ်ဆိုပြီး ရခိုင်အသင်း (စင်္ကာပူ) က ဥက္ကဋ္ဌ အပါအဝင် လူ ၈ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ဒီကနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။ ရခိုင်အသင်း စင်္ကာပူရဲ့ဥက္ကဋ္ဌ ကိုဟိန်းဇော်အပါအဝင် ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၀) (ခ)၊ ပုဒ်မ ၅၂ (ည) တွေနဲ့ အနောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုလိုက်တာဖြစ်ပြီး ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့က ရဲမှူးတင့်ရွှေက တရားလိုလုပ်ပြီး တရားစွဲဆိုတာဖြစ်ပါတယ်။

သူတို့ရန်ပုံငွေကောက်ပြီး ထောက်ပံ့ပေးနေတာတွေဟာ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေနဲ့ ရေဘေးဒုက္ခတွေအတွက် ရည်ရွယ်ပြီး ကောက်ခံခဲ့တာဖြစ်တယ်လို့ သူတို့ဘက်ကနေ လိုက်ပါပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက ဒီကနေ့တရားခွင်အပြီးမှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ရခိုင်အသင်း စင်ကာပူဥက္ကဋ္ဌ ကိုဟိန်းဇော်နဲ့အတူ နောက်ထပ်တရားစွဲဆိုခံရသူတွေကတော့ AA ရခိုင် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီတော်စပ်သူ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုရွှေလှိုင်သန်းနဲ့ အငှားယာဉ်မောင်း ကိုမြတ်လင်းဦး စုစုပေါင်း ၈ ယောက်ဖြစ်ပါတယ်။

ကိုအောင်မြတ်ကျော်နဲ့ ကိုဟိန်းဇော်အပါအဝင် ၆ ဦးကိုတော့ AA အဖွဲ့ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ စင်ကာပူအာဏာပိုင်တွေက ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြည်နှင်ဒဏ် ပေးခဲ့တာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်နဲ့ သတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG