သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်


အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Manisha Singh (ဓာတ်ပုံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန)
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Manisha Singh (ဓာတ်ပုံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Manisha Singh ဟာ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို သြဂုတ်လ ၁၁ ရက်က ၂၄ ရက်အထိ သွားရောက်မှာ ဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ် ဒေသတွင်း စီးပွားရေး ထိတွေ့ဆက်ဆံမှုတွေ မြှင့်တင်ဖို့ လက်ရှိ အမေရိကန် အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတာကြောင့် ဒီခရီးစဉ်ကို သွားရောက်တာဖြစ်ပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Manisha Singh ဟာ ပထမဆုံး မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတောမြို့ကို သြဂုတ်လ ၁၂ ရက်နေ့နဲ့ ၁၆ ရက်နေ့မှာ သွားရောက်မှာဖြစ်ပါတယ်။ အဲဒီနောက် သြဂုတ် ၁၆ ရက်က ၂၁ ရက်နေ့အတွင်း မြန်မာနိုငငံ ရန်ကုန်မြို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေစဉ် မြန်မာ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်နဲ့ နည်းပညာဆိုင်ရာ စွန့်ဦး တီထွင် လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေ တိုးတက်ကောင်းမွန်ရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။

Ms. Manisha Singh ဟာ အမေရိကန် ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နဲ့ ဂျပန်သံရုံးတို့ ပူးတွဲ ပြုလုပ်မယ့် အမေရိကန်-ဂျပန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက် စကား ပြောကြားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ နိုင်ငံရေးရာဌာနက အဆင့်မြင့် အရာရှိ အမြဲတမ်း အတွင်းဝန် David Hales လည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်း ရခိုင်အရေးကိစ္စ၊ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုများ အဆုံးသတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အမေရိကန်နိုင်ငံရဲ့ ထောက်ပံ့ ကူညီမှုများနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG