သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန်ဇန်းနီးယားလောင်စာကားပေါက်ကွဲမှု လူ ၅၀ ကျော်သေ


တန်ဇန်းနီးယားနိုင်ငံ မြေပုံ (ဓာတ်ပုံ-VOA)
တန်ဇန်းနီးယားနိုင်ငံ မြေပုံ (ဓာတ်ပုံ-VOA)

အာဖရိကတိုက်အရှေ့ပိုင်း၊ တန်ဇေးနီးယားနိုင်ငံအရှေ့ဘက် Morogoro မြို့မှာ လောင်စာဆီ တင်တဲ့ကားကြီး ဒီကနေ့ ပေါက်ကွဲခဲ့တာကြောင့် လူ ၅၇ ယောက်ထက်မနည်းမီးလောင်ပြီး သေဆုံးခဲ့ရသလို ၆၇ ဦးထက်မနည်း တို့လည်း ဒဏ်ရာရသွားတယ်လို့ ရဲတို့ကပြောပါတယ်။

ဒဏ်ရာရသွားသူတွေကိုလည်း ကုသေပေးနေပါတယ်။ အခင်းဖြစ်တဲ့မြို့ဟာ တန်ဇေးနီးယားနိုင်ငံရဲ့စီးပါွးရေးမြို့ဖြစ်တဲ့ Dar es Salaam ရဲ့အရှေ့ဘက် မိုင်ပေါင်း ၁၂၀ အကွာလောက်မှာရှိတာပါ။ လမ်းကိုချိုးကွေ့လိုက်တဲ့အချိန်မှာ ဆီတင်ကားကြီးမှောက်သွားရာက ယိုစိမ့် ကျလာတဲ့ဓာတ်ဆီတွေကို လူတွေက သွားယူကြတဲ့အချိန်မှာပဲ မီးလောင်ပေါက်ကွဲခဲ့တာလို့ မျက်မြင်သက်သေတွေက AP သတင်းဌာနကို ပြောပါတယ်။ ခုလို လောင်စာဆီတင်ကားထဲကနေ ယိုစိမ့်ကျလာတဲ့ ဓာတ်ဆီတွေကို သွားယူရင်း ကားမီးလောင်ပေါက်ကွဲပြီး လူသေဆုံးတာမျိုး အာဖရိကတိုက်အရှေ့ပိုင်းမှာဖြစ်လေ့ဖြစ်ထရှိပါတယ်။

၂၀၁၃ ခုနှစ်တုန်းကလည်း ယူဂန်ဒါနိုင်ငံမြို့တော်၊ ကမ်ပါလာ ဆင်ခြေဖုံးအရပ်မှာ အလားတူ ဆီတင်ကားကြီးတစင်း မတော်တဆဖြစ်ရပ်ကြောင့် လူ ၂၉ ဦးသေဆုံးခဲ့ရဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG