သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသမဂ္ဂကနေ ဗြိတိန် တရားဝင် နုတ်ထွက်


ဥရောပသမဂ္ဂကနေ ဗြိတိန် တရားဝင် နုတ်ထွက်
please wait

No media source currently available

0:00 0:03:54 0:00

ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ်နှစ်ဦး ရာထူးကနုတ်ထွက်ရတဲ့အထိ အခြေအတင် စေ့စပ်ညှိနှိုင်းမှုတွေနဲ့ နိုင်ငံရေးအရ အုတ်အော်သောင်းနင်း အခြေအနေေ သုံးနှစ်ခွဲလောက် ကြုံခဲ့ရပြီးတဲ့နောက် ဒီကနေ့ သောကြာနေ့နောင်းပိုင်းကစလို့ ဗြိတိန်ဟာ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ တရားဝင် ရပ်နားသွားပါပြီ။ ခွဲထွက်ရေးလိုလားသူတွေကတော့ အောင်ပွဲခံဖို့ ပြင်နေကြချိန်မှာ စိတ်မကောင်း ဖြစ်နေသူတွေလည်း ရှိပါတယ်။ ဗြိတိန်အနေနဲ့ အီးယူအဖွဲ့ဝင်အဖြစ်ကနေ တရားဝင် အဆုံးသတ်သွားတာ မှန်ပေမဲ့လို့ အချိန်အတော်ကြာယူခဲ့ရတဲ့ ခွဲထွက်ရေး နောက်ဆက်တွဲ လုပ်ငန်းစဉ်တချို့ ဆက်ပြီးရှိနေဦးမှာ ဖြစ်တဲ့အကြောင်း လန်ဒန်မြို့တော်ကနေ Henry Ridgwell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

XS
SM
MD
LG